တရားဟော 15:19Common Language Bible``သင်တို့၏နွားနှင့်သိုးသားဦးပေါက်အထီး ဟူသမျှကို သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအတွက်သီးသန့်ထားရမည်။ နွားသား ဦးပေါက်များကိုမခိုင်းစေရ။ သိုးသားဦး ပေါက်များကိုလည်းအမွေးမညှပ်ရ။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
ထာဝရဘုရားအားဆက်ကပ်သောပူဇော် သကာများကို သင်တို့နေထိုင်ရာမြို့များတွင် မစားသုံးရ။ ဆန်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ တို့၏ဆယ်ဖို့တစ်ဖို့၊ သိုးနွားများမှသားဦး ပေါက်များ၊ ထာဝရဘုရားအားကတိထား သောပူဇော်သကာများ၊ မိမိစေတနာ အလျောက်ပေးလှူသောအလှူများနှင့်အခြား အလှူများကိုသင်တို့၏မြို့ရွာများတွင် မသုံးဆောင်ရ။-
ထို့နောက်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား ရွေးချယ်ထားတော်မူသောဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနသို့သွား၍ ထိုဌာနတွင်ကိုယ်တော်၏ရှေ့တော်၌ သင်တို့ ဆယ်ဖို့တစ်ဖို့သီးသန့်ဖယ်ထားသောစပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ နွားနှင့်သိုးတို့၏သား ဦးပေါက်များကိုစားသုံးရကြမည်။ ဤ နည်းအားဖြင့်သင်တို့၏ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရိုသေ ရမည်ဖြစ်ကြောင်းသင်တို့သိနားလည်ကြ လိမ့်မည်။-
သင်သည်ကျွန်တစ်ယောက်ကိုလွတ်ခွင့်ပေး ရာ၌ စိတ်အနှောင့်အယှက်မဖြစ်စေနှင့်။ စင်စစ်သူသည်အစေခံငှားခထက်ဝက် မျှဖြင့် ခြောက်နှစ်ပတ်လုံးသင့်ထံ၌ကျွန်ခံခဲ့လေပြီ။ ယင်းသို့ပြုလျှင်သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ဆောင်ရွက် သမျှကိုကောင်းချီးပေးတော်မူမည်။''
သင်တို့၏မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လူမျိုးခြား များ၊ လေဝိအမျိုးသားများ၊ မိဘမဲ့ကလေး များ၊ မုဆိုးမများနှင့်တကွထာဝရဘုရား ၏ရှေ့တော်၌ပျော်ပွဲခံကြလော့။ ထိုပွဲတော် ကိုတစ်ခုတည်းသောဝတ်ပြုရာဌာနတော် တွင်ကျင်းပရမည်။-
သင်တို့သည်ကောင်းကင်ဘုံစာရင်းဝင်သား ဦးများပျော်ရွှင်စွာစုဝေးရာသို့ရောက်ရှိ နေကြ၏။ သင်တို့သည်လူအပေါင်းတို့ကို တရားစီရင်တော်မူသောအရှင်ဘုရား သခင်၏ထံတော်သို့လည်းကောင်း၊ အြုပစ် ဆိုဖွယ်မရှိသောသူတော်ကောင်းတို့၏ ဝိညာဉ်များထံသို့လည်းကောင်းရောက်ရှိ နေကြ၏။-