ထာဝရဘုရားသည်သင်တို့အားကောင်းချီး ပေးသဖြင့် ရရှိသောဝတ္ထုပစ္စည်းထဲမှဆယ်ဖို့ တစ်ဖို့ကို ဘုရားဝတ်ပြုရာဌာနသို့ယူဆောင် သွားရန်ခရီးဝေးလွန်းလျှင်၊-
ငါသည်သင်တို့တိုင်းပြည်၏နယ်နိမိတ်ကို ပင်လယ်နီမှမြေထဲပင်လယ်သို့လည်းကောင်း၊ တောကန္တာရမှဥဖရတ်မြစ်သို့လည်းကောင်း ကျယ်ပြန့်စေမည်။ ငါသည်ထိုပြည်သားတို့ ကိုသင်တို့၏လက်သို့အပ်သဖြင့် သင်တို့သည် သူတို့အားနှင်ထုတ်နိုင်လိမ့်မည်။-
သင်တို့ခြေနင်းသမျှသောမြေကိုပိုင်ရလိမ့် မည်။ သင်တို့၏နယ်မြေသည်တောင်ဘက်တော ကန္တာရမှ မြောက်ဘက်လေဗနုန်တောင်သို့တိုင် အောင်လည်းကောင်း၊ အရှေ့ဘက်ဥဖရတ်မြစ် မှအနောက်ဘက်မြေထဲပင်လယ်သို့တိုင်အောင် လည်းကောင်းကျယ်ပြန့်လိမ့်မည်။-
အကယ်၍ထာဝရဘုရားအားဝတ်ပြုရာ တစ်ခုတည်းသောဌာနသည် သင်တို့နှင့်ဝေး ကွာလွန်းလျှင်ငါမှာကြားထားသည့်အတိုင်း သင်တို့အလိုဆန္ဒရှိသောအခါထာဝရ ဘုရားပေးသနားတော်မူသောနွားသို့ မဟုတ်သိုးကိုသတ်၍ သင်တို့မြို့ရွာများ တွင်စားခွင့်ရှိသည်။-
ထာဝရဘုရားသည်သင်တို့၏အနွယ်များ နေထိုင်ရာနယ်မြေမှ ရှေ့တော်သို့လူတို့လာ ရောက်ကိုးကွယ်ဝတ်ပြုနိုင်သောဌာနတစ်ခု ကိုရွေးချယ်ပေးတော်မူလိမ့်မည်။-
ထိုပစ္စည်းကိုရောင်းချ၍ရသောငွေကို ဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနသို့ယူ သွားရမည်။-