Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 14:22

Common Language Bible

``နှစ်​စဉ်​သင်​တို့​၏​လယ်​ယာ​များ​မှ ထွက်​သ​မျှ သော​အ​သီး​အ​နှံ​ဆယ်​ဖို့​တစ်​ဖို့​ကို သီး​သန့် ဖယ်​ထား​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​စိုက်​ထူ​သော​ဤ​မှတ်​တိုင်​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​ရာ​ဌာ​န​ဖြစ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​လည်း​ကိုယ်​တော်​ရှင်​ပေး​တော်​မူ သ​မျှ​ထဲ​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို​ကိုယ်​တော်​ရှင် အား​လှူ​ဒါန်း​ပါ​မည်'' ဟု​သစ္စာ​ဆို​လေ​၏။

စ​ပါး​ရိတ်​သိမ်း​သည့်​အ​ခါ​ငါး​ပုံ​တစ်​ပုံ​ကို ဘု​ရင့်​ထံ​ဆက်​ရ​မည်။ ကျန်​သော​စပါး​ကို​မျိုး စပါး​အ​တွက်​နှင့်​သင်​တို့​နှင့်​မိ​သား​စု​စား​သုံး ရန်​အ​တွက်​အ​သုံး​ပြု​ကြ​လော့'' ဟု​ဆို​လေ​၏။

သို့​ဖြစ်​၍​ယော​သပ်​သည်​အီ​ဂျစ်​ပြည်​တွင် အ​သီး​အ​နှံ​ထွက်​ထဲ​မှ ငါး​ပုံ​တစ်​ပုံ​ကို ဖာ​ရော ဘု​ရင်​ထံ​ဆက်​ရ​မည်​ဟူ​သော​မြေ​ယာ​ဥ​ပ​ဒေ တစ်​ရပ်​ကို​ပြ​ဋ္ဌာန်း​ခဲ့​လေ​သည်။ ထို​ဥ​ပ​ဒေ သည်​ယ​နေ့​တိုင်​အောင်​အာ​ဏာ​တည်​လျက်​ရှိ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​ပိုင်​သော​လယ်​မြေ​များ​သာ လျှင်​ထို​ဥ​ပ​ဒေ​မှ​လွတ်​ကင်း​ခွင့်​ရှိ​သည်။

ငါ​တို့​နှစ်​စဉ်​အ​ဦး​အ​ဖျား​ရိတ်​သိမ်း​ရ​ရှိ သည့်​ဂျုံ​ဆန်​ဖြင့်​ပြု​လုပ်​ထား​သော​မုန့်​ညက်၊ အ​ခြား​ပူ​ဇော်​သ​ကာ​များ​ဖြစ်​သော​စ​ပျစ် ရည်၊ သံ​လွင်​ဆီ​နှင့်​သစ်​သီး​အ​မျိုး​မျိုး​တို့ ကို​ဗိ​မာန်​တော်​ရှိ​ယဇ်​ပု​ရော​ဟိတ်​များ​ထံ သို့​ယူ​ဆောင်​ခဲ့​ပါ​မည်။ လယ်​လုပ်​သည့်​ရွာ​များ​တွင်​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ကို​ကောက်​ခံ​ကြ​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​ထံ​သို့ ငါ​တို့​သည်​မိ​မိ​တို့​လယ်​ယာ ထွက်​အ​သီး​အ​နှံ​ဆယ်​ပုံ​တစ်​ပုံ​ကို​ယူ ဆောင်​ခဲ့​ပါ​မည်။-

ဤ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ကောက်​ခံ​ချိန် ၌​အာ​ရုန်​မှ​ဆင်း​သက်​သည့်​ယဇ်​ပု​ရော ဟိတ်​များ​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့် အ​တူ​ရှိ​ရ​မည်။ ထို​နောက်​လေ​ဝိ​အ​နွယ်​ဝင် တို့​က​မိ​မိ​တို့​ကောက်​ခံ​ရ​ရှိ​သည့်​အ​သီး အ​နှံ​များ​အ​နက် ဆယ်​ပုံ​တစ်​ပုံ​ကို​ဗိ​မာန် တော်​တွင်​အ​သုံး​ပြု​ရန်​ဗိ​မာန်​တော်​ပစ္စည်း သို​လှောင်​ခန်း​သို့​ယူ​ဆောင်​သွား​ပါ မည်။-

ဗိ​မာန်​တော်​တွင်​စား​နပ်​ရိက္ခာ​အ​မြောက် အ​မြား​ရှိ​စေ​ရန် သင်​တို့​၏​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ကို​အ​ပြည့်​အ​ဝ​ယူ​ဆောင်​ခဲ့​ကြ လော့။ ငါ​၏​အ​ကဲ​ကို​စမ်း​၍​ကြည့်​ကြ​လော့။ ထို​အ​ခါ​ငါ​သည်​ကောင်း​ကင်​ပြူ​တင်း​ပေါက် များ​ကို​ဖွင့်​၍ သင်​တို့​အ​ပေါ်​သို့​ကောင်း​ချီး မင်္ဂ​လာ​အ​မျိုး​မျိုး​သွန်း​လောင်း​တော်​မူ သည်​ကို​သင်​တို့​တွေ့​မြင်​ကြ​ရ​လိမ့်​မည်။-

ကောက်​သစ်​မှ​ရ​သော​မုန့်​ညက်​ဖြင့်​လုပ်​သည့် အ​ဦး​ဆုံး​မုန့်​ကို ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​သ​ရ​မည်။ ကောက်​နယ်​တ​လင်း​မှ​ရ​သော​စ​ပါး​ကို အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​သ​သည့်​နည်း တူ​ဤ​မုန့်​ကို​ဆက်​သ​ရ​မည်။-

ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က ငါ့​အား​ဆက်​သ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ထိန်း​သိမ်း​ခ​အ​ဖြစ် ငါ​ပေး​ပြီ။-

ကျန်​ရှိ​သ​မျှ​သော​အ​လှူ​သည်​သင်​တို့​တဲ တော်​၌ အ​မှု​ဆောင်​သည့်​အ​တွက်​ခံ​ထိုက်​သော အ​ခ​ဖြစ်​ခြင်း​ကြောင့် ထို​အ​လှူ​ကို​သင်​နှင့် သင်​၏​မိ​သား​စု​တို့​သည်​မည်​သည့်​နေ​ရာ ၌​မ​ဆို​စား​သုံး​နိုင်​သည်။-

ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​သော​ပူ​ဇော် သ​ကာ​များ​ကို သင်​တို့​နေ​ထိုင်​ရာ​မြို့​များ​တွင် မ​စား​သုံး​ရ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ တို့​၏​ဆယ်​ဖို့​တစ်​ဖို့၊ သိုး​နွား​များ​မှ​သား​ဦး ပေါက်​များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား သော​ပူ​ဇော်​သ​ကာ​များ၊ မိ​မိ​စေ​တ​နာ အ​လျောက်​ပေး​လှူ​သော​အ​လှူ​များ​နှင့်​အ​ခြား အ​လှူ​များ​ကို​သင်​တို့​၏​မြို့​ရွာ​များ​တွင် မ​သုံး​ဆောင်​ရ။-

သင်​တို့​သည်​ထို​ဌာ​န​တွင် မီး​ရှို့​ရာ​ယဇ်​နှင့် အ​ခြား​ယဇ်​ကောင်​များ၊ ဆယ်​ဖို့​တစ်​ဖို့​နှင့် ပူ​ဇော်​သ​ကာ​များ၊ ထာ​ဝ​ရ​ဘု​ရား​အား က​တိ​ထား​သော​ပူ​ဇော်​သ​ကာ​များ၊ မိ​မိ စေ​တ​နာ​အ​လျောက်​ပေး​လှူ​သော​အ​လှူ​များ၊ သင်​တို့​၏​သိုး​နွား​တို့​မှ​သား​ဦး​ပေါက်​စ​သည် တို့​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် ဆက်​သ​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ