တရားဟော 13:4Common Language Bibleထာဝရဘုရား၏ဦးဆောင်မှုကိုခံယူ၍ ကိုယ် တော်ကိုကြောက်ရွံ့ရိုသေလော့။ ကိုယ်တော်၏ ပညတ်တော်တို့ကိုစောင့်ထိန်း၍ စကားတော် ကိုနားထောင်လော့။ ကိုယ်တော်ကိုဝတ်ပြု ကိုးကွယ်၍ ကိုယ်တော်အားသစ္စာရှိလော့။- အခန်းကိုကြည့်ပါ။ |
သူသည်ဘုရင့်ကျောက်တိုင် အနီးတွင်ရပ်လျက်``အကျွန်ုပ်သည်ကိုယ်တော် ၏စကားတော်ကိုနားထောင်ပါမည်။ ကိုယ် တော်၏တရားတော်နှင့်ပညတ်တော်တို့ကို စိတ်ရောကိုယ်ပါစောင့်ထိန်းပါမည်။ ကျမ်း စောင်တော်တွင်ရေးထားသည့်အတိုင်းပဋိ ညာဉ်တော်ဆိုင်ရာပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးပါမည်'' ဟုထာဝရ ဘုရားနှင့်ပဋိညာဉ်ပြုတော်မူ၏။-
ထာဝရဘုရားသည်ကောင်းသောအရာကို ပြတော်မူပြီ။ ကိုယ်တော်အလိုရှိတော်မူ သောအရာကိုဖော်ပြတော်မူခဲ့ပြီ။ ကိုယ် တော်အလိုရှိသောအရာသည်ကားတရား မျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာထား ရှိခြင်း၊ စိတ်နှိမ့်ချစွာသင်၏ဘုရားသခင် နှင့်အတူသွားလာနေထိုင်ခြင်းတို့ဖြစ် သတည်း။
သင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့အားကတိထားတော်မူ သောပြည်တွင် သင်တို့နှင့်သင်တို့၏အဆက် အနွယ်များကြာရှည်စွာအသက်ရှင်နေထိုင် နိုင်စေရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုချစ်၍အမိန့်တော်ကိုနာခံလျက် ကိုယ်တော်ရှင်အားဆည်းကပ်ကိုးကွယ်ကြ လော့'' ဟုမှာကြားလေ၏။
သို့မှသာအစဉ်အမြဲသခင်ဘုရားနှစ်သက် တော်မူစေရန်လည်းကောင်း၊ ကိုယ်တော်၏ဘုန်း အသရေတော်ထွန်းတောက်စေရန်လည်းကောင်း သင်တို့ပြုမူကျင့်ကြံနိုင်ကြလိမ့်မည်။ ယင်း သို့ပြုမူကျင့်ကြံသဖြင့် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသောအသီး အပွင့်များကိုဖြစ်ထွန်းစေကြလိမ့်မည်။ ဘုရားသခင်ကိုလည်းတိုး၍သိကျွမ်း လာကြလိမ့်မည်။-
ဣသရေလအမျိုးသားတို့အားရှမွေလ က``သင်တို့သည်ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လည်လာရောက် လိုပါက လူမျိုးခြားတို့၏ဘုရားများကို လည်းကောင်း၊ အာရှတရက်ဘုရားမ၏ရုပ်တု များကိုလည်းကောင်းစွန့်ပစ်ရကြမည်။ သင်တို့ ၏ကိုယ်ကိုလုံးဝဆက်ကပ်၍ထာဝရဘုရား ကိုသာရှိခိုးဝတ်ပြုကြလျှင် ကိုယ်တော်သည် သင်တို့အားဖိလိတ္တိအမျိုးသားတို့လက်မှ ကယ်တော်မူလိမ့်မည်'' ဟုဆို၏။-