တရားဟော 13:2Common Language Bibleသင်တို့ယခင်ကဝတ်မပြု၊ မကိုးကွယ်ဘူး သောဘုရားများကို ဝတ်ပြုကိုးကွယ်စေရန် အလို့ငှာနိမိတ်လက္ခဏာကိုသော်လည်းကောင်း၊ အံ့ဖွယ်သောအမှုကိုသော်လည်းကောင်းပြုမည် ဟုပြောလိမ့်မည်။ သူပြောသည့်အတိုင်း နိမိတ် လက္ခဏာနှင့်အံ့ဖွယ်သောအမှုကိုပြနိုင် သည့်တိုင်အောင်၊- အခန်းကိုကြည့်ပါ။ |
ငါထာဝရဘုရားမိန့်တော်မူသည့်စကား ကိုနားထောင်ကြလော့။ မုသားအပြည့်ပါသည့် မိမိတို့၏အိပ်မက်များအကြောင်းကိုဟော ပြောကြသောပရောဖက်တို့ကိုငါဆန့်ကျင် ဘက်ပြုမည်။ သူတို့သည်ထိုအိပ်မက်များကို လိမ်လည်ကြွားဝါဟောပြောခြင်းအားဖြင့် ငါ ၏လူမျိုးတော်အားလမ်းလွဲစေကြ၏။ ငါ သည်သူတို့အားမစေလွှတ်ခဲ့။ သွားရန်လည်း အမိန့်မပေးခဲ့။ သို့ဖြစ်၍သူတို့သည်လူတို့ အတွက်အဘယ်သို့မျှအကျိုးမပြုကြ။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။