တရားဟော 13:16Common Language Bibleထိုမြို့သားတို့ပိုင်သောပစ္စည်းဥစ္စာရှိသမျှတို့ ကို မြို့စျေးကွက်တွင်စုပုံရမည်။ ထို့နောက်မြို့ နှင့်တကွပစ္စည်းရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားအားပူဇော်သကာ အဖြစ်မီးရှို့ရမည်။ ထိုမြို့ကိုအသစ်တစ်ဖန် မတည်မဆောက်ရ။ မြို့ပျက်အဖြစ်အစဉ် တည်ရှိစေရမည်။- အခန်းကိုကြည့်ပါ။ |
ငါသည်ရဗ္ဗာမြို့သူမြို့သားတို့အားစစ်တိုက် သံများကို ကြားစေမည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ ထိုမြို့သည်ပျက်စီးလျက် ယင်း၏ကျေးလက်တောရွာများသည်လည်း မီးလောင်ကျွမ်းလိမ့်မည်။ ထိုအခါဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်ကိုသိမ်းယူ ထားသူတို့၏လက်မှပြန်လည်ရရှိကြ လိမ့်မည်။-
သူတို့၏ရုပ်တုများကိုမီးရှို့ပစ်လော့။ ထိုရုပ်တု များတွင်မွမ်းမံထားသောရွှေငွေကိုတပ်မက်၍ သင်တို့အဖို့မယူကြနှင့်။ ထာဝရဘုရားသည် ရုပ်တုကိုးကွယ်ခြင်းကိုရွံရှာမုန်းတီးတော်မူ သဖြင့် ရုပ်တုများမှရွှေငွေကိုယူမိလျှင်သင် တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့်မည်။-