တရားဟော 13:13Common Language Bibleအခြေမရှိသူအချို့ကတစ်မြို့သားချင်း တို့အား ယခင်ကသူတို့ဝတ်မပြုမကိုး ကွယ်ဘူးသော ဘုရားများကိုဝတ်ပြုကိုး ကွယ်ရန်သွေးဆောင်သည့်သတင်းကိုကြား မိလျှင်၊- အခန်းကိုကြည့်ပါ။ |
ဣသရေလပြည်ကိုယုဒပြည်မှထာဝရ ဘုရားခွဲထုတ်တော်မူလိုက်သောအခါ ဣသ ရေလအမျိုးသားတို့သည်နေဗတ်၏သား ယေရောဗောင်ကိုမင်းမြှောက်ကြ၏။ သူတို့အား ယေရောဗောင်သည်ထာဝရဘုရားကိုစွန့်စေ ရန်လည်းကောင်း၊ ကြောက်မက်ဖွယ်ကောင်းသည့် အပြစ်ဒုစရိုက်များကိုကူးလွန်စေရန် လည်းကောင်းရှေ့ဆောင်လမ်းပြခဲ့၏။-
သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
ထိုသူတို့သည်အမှန်စင်စစ်အဘယ်အခါကမျှ ငါတို့မိတ်သဟာယတွင်မပါဝင်ခဲ့ကြသဖြင့် ငါတို့ထံမှထွက်ခွာသွားကြ၏။ အကယ်၍သူ တို့သည်ငါတို့မိတ်သဟာယတွင်ပါဝင်ခဲ့ပါမူ ငါတို့နှင့်အတူရှိနေကြမည်ဖြစ်၏။ သူတို့ သည်အမှန်ပင်ငါတို့မိတ်သဟာယတွင်မပါ ဝင်ကြောင်းသိသာထင်ရှားစေရန် သူတို့သည် ငါတို့ထံမှထွက်ခွာသွားကြ၏။
ဤအမှုကိုဆင်ခြင်စဉ်းစား၍အဘယ်သို့ ပြုသင့်သည်ကိုဆုံးဖြတ်ပါလော့။ ဤကိစ္စ သည်ကျွန်တော်တို့၏သခင်နှင့်အိမ်ထောင်စု တစ်ခုလုံးကိုဘေးဥပဒ်ပေးနိုင်ပါသည်။ ကျွန်တော်တို့၏သခင်သည်စိတ်သဘော ထားသေးသိမ်သူဖြစ်၍ အဘယ်သူ၏ စကားကိုမျှနားထောင်လိမ့်မည်မဟုတ် ပါ'' ဟုဆို၏။