Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 12:32

Common Language Bible

သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ကျင့် ကြ​လော့။ ထပ်​တိုး​ခြင်း၊ နုတ်​ပယ်​ခြင်း​မ​ပြု ရ။''

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​အ​တွက်​ငါ​ရေး​သား​ပေး​သည့်​ပ​ညတ် တော်​များ​နှင့် အ​မိန့်​တော်​များ​ကို​အ​စဉ်​အ​မြဲ လိုက်​နာ​ရ​ကြ​မည်။ သင်​တို့​သည်​အ​ခြား ဘု​ရား​များ​၏​စ​ကား​ကို​နား​မ​ထောင်​ရ။-

စကားတော်၌ ထပ်၍မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍၊ သင်သည် မုသာသုံးသောသူ ဖြစ်လိမ့်မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း​ငါ့​အား``အ​ချင်း လူ​သား၊ သင်​မြင်​ရ​ကြား​ရ​သော​အ​ရာ​မှန် သ​မျှ​ကို​ဂ​ရု​ပြု​လော့။ ငါ​သည်​ဗိ​မာန်​တော် နှင့်​ဆိုင်​သော​စည်း​မျဉ်း​ဥ​ပ​ဒေ​များ​ကို​သင့် အား​ပြော​မည်။ အ​ဘယ်​သူ​တို့​သည်​ဗိ​မာန် တော်​သို့​ဝင်​ထွက်​ခွင့်​ရှိ​သည်​ကို​သေ​ချာ စွာ​မှတ်​သား​လော့။''

သင်​တို့​အား​ငါ​ပေး​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ထိန်း​ကြ​စေ​ရန်​သူ​တို့​အား​သွန်​သင်​ကြ​လော့။ ငါ​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင်​သင်​တို့ နှင့်​အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​၏။ ရှင်​မ​ဿဲ​ခ​ရစ်​ဝင်​ပြီး​၏။

ခို​လှုံ​ရာ​မြို့​သုံး​မြို့​ကို​ထပ်​မံ​၍​ရွေး​ချယ်​ရ မည်။ သင်​တို့​သည်​ငါ​ယ​ခု​မိန့်​မှာ​သ​မျှ​ကို သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ချစ် မြတ်​နိုး​လျက် ကိုယ်​တော်​၏​သွန်​သင်​ချက်​များ အ​တိုင်း​လိုက်​လျှောက်​လျှင် ထာ​ဝ​ရ​ဘု​ရား သည်​ထို​ပြည်​ကို​သင်​တို့​အား​ပေး​သ​နား တော်​မူ​လိမ့်​မည်။-

သင်​တို့​သည်​ငါ​မိန့်​မှာ​သ​မျှ​ကို​ဖြည့်​စွက် ခြင်း၊ နုတ်​ပယ်​ခြင်း​မ​ပြု​ရ။ သင်​တို့​အား​ငါ ပေး​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​တို့​ကို​လိုက်​နာ ကြ​လော့။-

အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ ငါ​၏ အ​စေ​ခံ​မော​ရှေ​ပေး​သော​ပ​ညတ်​အား​လုံး ကို​တစ်​သ​ဝေ​မ​တိမ်း​စောင့်​ထိန်း​လော့။ ပ​ညတ် ရှိ​သ​မျှ​ကို​တစ်​ခု​မ​ကျန်​စောင့်​ထိန်း​လျှင် သင်​သည်​ကြံ​တိုင်း​အောင်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ