သင်တို့အပေါင်းသည်သမင်ဒရယ်သားကိုစား ခွင့်ရှိသကဲ့သို့ ဘာသာရေးထုံးတမ်းအရ စင်ကြယ်သူဖြစ်စေ၊ မစင်ကြယ်သူဖြစ်စေ ထိုအသားကိုစားခွင့်ရှိသည်။-
အကယ်၍ထာဝရဘုရားအားဝတ်ပြုရာ တစ်ခုတည်းသောဌာနသည် သင်တို့နှင့်ဝေး ကွာလွန်းလျှင်ငါမှာကြားထားသည့်အတိုင်း သင်တို့အလိုဆန္ဒရှိသောအခါထာဝရ ဘုရားပေးသနားတော်မူသောနွားသို့ မဟုတ်သိုးကိုသတ်၍ သင်တို့မြို့ရွာများ တွင်စားခွင့်ရှိသည်။-
သို့ရာတွင်သွေးသည်အသက်ဖြစ်သောကြောင့် သွေးကိုမစားရ။ သို့ဖြစ်၍သွေးပါရှိသော အသားကိုမစားရ။-
သမင်၊ သိုးရိုင်း၊ တောဆိတ်၊ ဒရယ်အစရှိသော၊-
ထိုကဲ့သို့သောတိရစ္ဆာန်များ၏အသားကို သင် တို့၏မြို့ရွာများတွင်စားနိုင်သည်။ သင်တို့တွင် ဘာသာရေးထုံးနည်းအရသန့်စင်သူ၊ မသန့် စင်သူအပေါင်းတို့သည်သမင်သား၊ ဒရယ် သားကိုစားသည့်နည်းတူထိုတိရစ္ဆာန်တို့၏ အသားကိုစားနိုင်သည်။-