သင်တို့ဤအရပ်သို့မရောက်မီတောကန္တာရ ၌သင်တို့အတွက် ထာဝရဘုရားပြုတော် မူသောအမှုကိုသင်တို့သိမြင်ခဲ့ရကြ ပြီ။-
ကိုယ်တော်သည်မိမိ၏လူစုတော်အား တောကန္တာရကိုဖြတ်၍လမ်းပြပို့ဆောင်တော် မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
ကိုယ်တော်ရှင်သည်မောရှေနှင့်အာရုန်တို့၏ ကွပ်ကဲမှုဖြင့် မိမိ၏လူစုတော်အားသိုးထိန်းသဖွယ် ပို့ဆောင်တော်မူပါ၏။
အီဂျစ်စစ်တပ်သည်သင်တို့အားလိုက်လံတိုက် ခိုက်စဉ်က ကိုယ်တော်သည်သူတို့၏မြင်းများ၊ စစ်ရထားများနှင့်တကွစစ်တပ်တစ်ခုလုံး ကို ပင်လယ်နီအတွင်း၌နစ်မြုပ်စေခဲ့ပုံကို သင်တို့မြင်ခဲ့ရ၏။-
ရုဗင်အနွယ်ဝင်ဧလျာဘ၏သားများဖြစ်ကြ သော ဒါသန်နှင့်အဘိရံတို့အားမည်ကဲ့သို့ စီရင်တော်မူသည်ကိုသင်တို့သတိရကြမည်။ လူအပေါင်းတို့၏မျက်မှောက်တွင်သူတို့သည် သူတို့၏မိသားစုများ၊ တဲများ၊ အစေခံ များ၊ တိရစ္ဆာန်များနှင့်တကွမြေမျိုခြင်း ခံရ၏။-