Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 11:17

Common Language Bible

အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​အ​မျက် ထွက်​၍ မိုး​ကို​မ​ရွာ​စေ​သ​ဖြင့်​လယ်​မြေ​များ ခြောက်​သွေ့​၍ အ​သီး​အ​နှံ​များ​မ​ဖြစ်​ထွန်း နိုင်​ရှိ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​သော​ပြည်​သည်​ကောင်း​မွန်​သော် လည်း သင်​တို့​သည်​မ​ကြာ​မီ​သေ​ကြေ​ပျက်​စီး ကြ​လိမ့်​မည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည်​တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဆို​သူ ပ​ရော​ဖက်​က အာ​ဟပ်​မင်း​အား``မိုး​ရွာ​မည်​ဟု ငါ​မ​ပြော​မ​ချင်း​လာ​မည့်​နှစ်​နှစ်​သုံး​နှစ်​တွင် မိုး​ခေါင်​လိမ့်​မည်။ ဆီး​နှင်း​လည်း​ကျ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​၍​အ​သက်​ရှင်​တော် မူ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​သင့် အား​ငါ​ဆို​၏'' ဟု​ဆင့်​ဆို​လေ​သည်။

``ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကိုယ် တော်​ကို​ပြစ်​မှား​သည့်​အ​တွက်​ဆုံး​မ​တော်​မူ ရန်​မိုး​ခေါင်​စေ​တော်​မူ​သော​အ​ခါ သူ​တို့​သည် နောင်​တ​ရ​၍​ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​လျက် နှိမ့်​ချ​သော​စိတ်​နှင့်​အ​ထံ​တော်​သို့​ဆု​တောင်း ပတ္ထ​နာ​ပြု​လျှင်၊-

``ကိုယ်​တော်​အား​လူ​မျိုး​တော်​ပြစ်​မှား​သည့် အ​တွက် မိုး​ခေါင်​စေ​တော်​မူ​သော​အ​ခါ​သူ​တို့ သည်​နောင်​တ​ရ​၍ ဤ​ဗိ​မာန်​တော်​သို့​မျက်​နှာ မူ​ကာ​စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​ဆု​တောင်း ပတ္ထနာ​ပြု​ပါ​လျှင်၊-

ငါ​သည်​မိုး​ကို​ခေါင်​စေ​သည့်​အ​ခါ​၌​ဖြစ်​စေ၊ ကောက်​ပဲ​သီး​နှံ​များ​ကို​ကိုက်​ဖျက်​ရန်​ကျိုင်း ကောင်​များ​ကို​စေ​လွှတ်​သည့်​အ​ခါ​၌​ဖြစ်​စေ၊ ငါ​ပိုင်​ဆိုင်​သူ​များ​ဟု​ခေါ်​ဆို​သ​မုတ်​အပ် သည့်​ငါ​၏​လူ​မျိုး​တော်​အား​ကာ​လ​နာ သင့်​စေ​သော​အ​ခါ​၌​ဖြစ်​စေ၊-

ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏။ တဖန် လွှတ်တော်မူ၍ မြေကြီးကို လွှမ်းမိုး ကြ၏။

သင်​တို့​၏​မာန်​စွယ်​ကို​ငါ​ချိုး​မည်။ သင်​တို့ ပြည်​တွင်​မိုး​မ​ရွာ​သ​ဖြင့် မြေ​ကြီး​သည် ခြောက်​သွေ့​၍​သံ​ကဲ့​သို့​မာ​ကြော​လိမ့်​မည်။-

သင်​တို့​၏​မြေ​မှ​အ​သီး​အ​နှံ​မ​ထွက်၊ သစ်​သီး အ​ပင်​များ​မှ​အ​သီး​မ​သီး​သ​ဖြင့် သင်​တို့​ကြိုး ပမ်း​လုပ်​ကိုင်​သ​မျှ​တို့​သည်​အ​ချည်း​နှီး​သက် သက်​ဖြစ်​ရ​လိမ့်​မည်။

သင်​တို့​ပျိုး​ပင်​အ​တွက်​မိုး​ရေ​အ​လို​ဆုံး သော​အ​ချိန်​တွင်​ငါ​သည်​မိုး​ခေါင်​စေ​ခဲ့​၏။ တစ်​မြို့​ပေါ်​၌​သာ​ရွာ​သွန်း​စေ​ပြီး​ကျန်​တစ် မြို့​ပေါ်​သို့​မ​ရွာ​စေ​ရန် တား​ခဲ့​သူ​မှာ​ငါ​ပင် ဖြစ်​၏။ လယ်​တစ်​ခင်း​သည်​မိုး​ကို​ရ​၍​ကျန် တစ်​ခင်း​မှာ​မူ​သွေ့​ခြောက်​ခဲ့​လေ​ပြီ။-

ငါ​သည်​သူ​တို့​၏​ဘိုး​ဘေး​တို့​အား​က​တိ​ထား သည့်​အ​တိုင်း သူ​တို့​ကို​အ​စာ​ရေ​စာ​ပေါ​ကြွယ် ဝ​သော​ပြည်​သို့​ပို့​ဆောင်​မည်။ ထို​ပြည်​တွင်​သူ တို့​သည်​အ​စား​အ​စာ​ကို​ဝ​စွာ​စား​ရ​၍ အေး ချမ်း​သာ​ယာ​စွာ​နေ​ထိုင်​ကြ​လိမ့်​မည်။ သို့​ရာ တွင်​သူ​တို့​သည်​ဖောက်​ပြန်​၍ အ​ခြား​သော ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​လိမ့်​မည်။ သူ တို့​သည်​ငါ့​ကို​စွန့်​ပစ်​၍​ငါ​၏​ပ​ဋိ​ညာဉ် ကို​ချိုး​ဖောက်​သ​ဖြင့်၊-

ထို​သို့​မှား​ယွင်း​လျှင်​သင်​တို့​အ​မျိုး​သည် ထို ပြည်​မှ​မ​ကြာ​မီ​တိမ်​ကော​ပျောက်​ကွယ်​ရ လိမ့်​မည်​ဟု ငါ​သည်​မိုး​ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​တိုင်​တည်​လျက်​ကျိန်​ဆို​၏။ သင်​တို့ သည်​ယော်ဒန်​မြစ်​ကို​ကူး​၍​သိမ်း​ပိုက်​မည့်​ပြည် တွင် ကြာ​ရှည်​စွာ​မ​နေ​ထိုင်​ရ​ဘဲ​တစ်​မျိုး လုံး​ပျက်​စီး​ပျောက်​ကွယ်​သွား​လိမ့်​မည်။-

သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​ခံ တော်​မ​မူ။ ထို့​ကြောင့်​သင်​တို့​သည်​အ​ခြား​သော ဘု​ရား​ကို​ဝတ်​ပြု​လျှင် အ​မျက်​တော်​သည်​မီး ကဲ့​သို့​တောက်​လောင်​၍ သင်​တို့​အ​ပေါင်း​ကို​သေ ကြေ​ပျက်​စီး​စေ​လိမ့်​မည်။''

ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား​သေ​ကြေ ပျက်​စီး​စေ​မည့်​အ​မျက်​တော်​ကို​ငါ​ကြောက်​၏။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏ တောင်း​ပန်​လျှောက်​ထား​ခြင်း​ကို​တစ်​ဖန် နား​ညောင်း​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ