Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 11:14

Common Language Bible

သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ အ​တွက်​စပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ သင်​တို့ ၏​တိ​ရစ္ဆာန်​များ​အ​တွက် မြက်​စ​သည်​တို့​ကို ရ​ရှိ​စေ​ရန်​ဆောင်း​ဦး​ပေါက်​မိုး၊ နွေ​ဦး​ပေါက် မိုး​ကို​အ​ချိန်​တန်​သော​အ​ခါ​ရွာ​စေ​တော် မူ​မည်။ သင်​တို့​သည်​အ​စာ​ရေ​စာ​အ​လုံ အ​လောက်​ရ​ရှိ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သီး​နှံ​များ​ကို​စိုက်​ပျိုး​ကြ​သည့် အ​ခါ​တိုင်း​အ​ပင်​ပေါက်​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​မိုး​ကို​ရွာ​သွန်း​စေ​တော်​မူ လိမ့်​မည်။ သင်​တို့​ရိတ်​သိမ်း​ရန်​အ​သီး​အ​နှံ များ​ကို​လှိုင်​လှိုင်​ထွက်​စေ​၍ ကျွဲ​နွား​များ သည်​လည်း​စား​ကျက်​အ​လုံ​အ​လောက်​ရ​ရှိ ကြ​လိမ့်​မည်။-

လူ​မျိုး​တ​ကာ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​များ သည် မိုး​ကို​မ​ရွာ​စေ​နိုင်​ပါ။ ကောင်း​ကင်​သည်​အ​လို​အ​လျောက်​မိုး​ရေ ပေါက်​များ ကျ​လာ​အောင်​မ​တတ်​နိုင်​ပါ။ ကိုယ်​တော်​ရှင်​သာ​လျှင်​ဤ​အ​မှု​များ​ကို ပြု​တော်​မူ​သော​ကြောင့် ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ကို မျှော်​ကိုး​ကြ​ပါ​၏။

ရာ​သီ​အ​လိုက်၊ မိုး​ဦး​မိုး​နှောင်း​ကို​ရွာ​သွန်း​စေ​လျက်၊ နှစ်​စဉ်​အ​သီး​အ​နှံ​ရိတ်​သိမ်း​ရာ​ကာ​လ​ကို​စီ​မံ​တော်​မူ​သော​ငါ့​အား သင်​တို့​မ​ကြောက်​ရွံ့​မ​ရို​သေ​ကြ။-

``ငါ​သည်​သူ​တို့​အား​ကောင်း​ချီး​ပေး​၍ ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင်​တော်​ပတ်​လည် တွင်​နေ​စေ​မည်။ အ​ချိန်​တန်​သော​အ​ခါ ကောင်း​ချီး​မိုး​ရေ​ကို​ကျ​စေ​မည်။-

ကိုယ်​တော်​သည်​သူ​တို့​အား``ယ​ခု​ငါ​သည် သင်​တို့​အား ဂျုံ​ဆန်၊စ​ပျစ်​ရည်​နှင့်​သံ​လွင်​ဆီ​ကို ပေး​တော်​မူ​မည်​ဖြစ်​၍၊ သင်​တို့​သည်​ရောင့်​ရဲ​လျက်​နေ​ကြ​လိမ့်​မည်။ အ​ခြား​အ​မျိုး​သား​များ​သည်​လည်း​သင်​တို့ အား ကဲ့​ရဲ့​ကြ​တော့​မည်​မ​ဟုတ်။

``သင်​တို့​သည်​ငါ​၏​ပ​ညတ်​များ​ကို​စောင့်​ထိန်း​၍ ငါ​၏​အ​မိန့်​များ​ကို​နာ​ခံ​လျှင်၊-

ငါ​သည်​အ​ချိန်​တန်​သော​အ​ခါ​မိုး​ကို​ရွာ​စေ သ​ဖြင့် လယ်​များ​မှ​အ​သီး​အ​နှံ​ထွက်​လျက် သစ်​သီး​ပင်​များ​မှ​အ​သီး​သီး​ကြ​လိမ့်​မည်။-

ငါ​သည်​ပိုး​မွှား​များ​အား​သင်​တို့​အ​သီး အ​နှံ​များ​ကို​ဖျက်​ဆီး​ခွင့်​ပြု​လိမ့်​မည် မ​ဟုတ်။ သင်​တို့​၏​စ​ပျစ်​နွယ်​များ​သည် လည်း​အ​သီး​များ​နှင့်​ပြည့်​လျက်​နေ​လိမ့် မည်။-''

သို့​ရာ​တွင်​ကိုယ်​တော်​ရှိ​တော်​မူ​ကြောင်း​သက် သေ​ခံ​အ​ထောက်​အ​ထား​များ​ဖြင့် လူ​တို့​အား အ​စဉ်​ပင်​ပြ​သ​တော်​မူ​၏။ ကိုယ်​တော်​သည် ကောင်း​ကင်​မှ​မိုး​ကို​ရွာ​စေ​လျက်​အ​ချိန်​တန် လျှင် သီး​နှံ​များ​ကို​ဖြစ်​ပွား​စေ​တော်​မူ​၏။ သင် တို့​အား​အ​စာ​အာ​ဟာ​ရ​ကျွေး​မွေး​၍​စိတ် ရွှင်​လန်း​ဝမ်း​မြောက်​စေ​တော်​မူ​၏'' ဟု​ကြွေး ကြော်​လေ​သည်။-

ကိုယ်​တော်​ရှင်​သည်​မိုး​ကောင်း​ကင်​ကို​ဖွင့်​၍ ရာ​သီ​အ​လိုက်​မိုး​ကို​ရွာ​စေ​လျက်​သင်​လုပ် ဆောင်​သ​မျှ​ကို​အောင်​မြင်​စေ​တော်​မူ​သ​ဖြင့် သင်​တို့​သည်​နိုင်​ငံ​များ​စွာ​တို့​အား​ချေး​ငှား ရ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မည်​သည့် နိုင်​ငံ​ထံ​မှ​ချေး​ယူ​ရန်​လို​မည်​မ​ဟုတ်။-

သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​သ​ခင် ဘု​ရား​ကြွ​လာ​တော်​မူ​သည်​တိုင်​အောင် သည်း​ခံ ၍​စောင့်​မျှော်​နေ​ကြ​လော့။ လယ်​သ​မား​သည်​မိ​မိ လယ်​ယာ​မှ​အ​ဖိုး​တန်​အ​သီး​အ​နှံ​များ​ထွက် နိုင်​ရန် မိုး​ဦး​နှင့်​မိုး​နှောင်း​ရွာ​ပြီး​သည့်​တိုင် အောင်​စောင့်​မျှော်​တတ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ