Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 10:4

Common Language Bible

ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တောင် ခြေ​တွင်​စု​ရုံး​သော​နေ့​က မီး​ထဲ​မှ​သင်​တို့​အား မိန့်​တော်​မူ​သော​ပ​ညတ်​တော်​ဆယ်​ပါး​ကို ယ​ခင် ကျောက်​ပြား​များ​ပေါ်​တွင်​ရေး​သား​တော်​မူ သည်​အ​တိုင်း ထို​ကျောက်​ပြား​များ​ပေါ်​တွင် ရေး​သား​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် ထို ကျောက်​ပြား​များ​ကို​ငါ့​အား​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည်​သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​အား​မိန့်​တော်​မူ​ပြီး​သော​အ​ခါ၊ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ပ​ညတ်​တော် များ​ကို​အက္ခ​ရာ​တင်​သော​ကျောက်​ပြား နှစ်​ပြား​ကို၊ သူ့​အား​ပေး​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ပ​ထ​မ ကျောက်​ပြား​များ​နှင့်​တူ​သော​ကျောက်​ပြား နှစ်​ချပ်​ကို​ဆစ်​လော့။ သင့်​ကြောင့်​ကျိုး​သွား သော​ယ​ခင်​ကျောက်​ပြား​များ​ပေါ်​တွင် ရေး ထိုး​ခဲ့​သည့်​ကမ္ပည်း​စာ​အ​တိုင်း​ငါ​သည်​ဤ ကျောက်​ပြား​များ​ပေါ်​၌​ရေး​ထိုး​မည်။-

မော​ရှေ​သည်​အ​စာ​မ​စား၊ ရေ​မ​သောက်​ဘဲ အ​ရက်​လေး​ဆယ်​ပတ်​လုံး ထို​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​နှင့်​အ​တူ​ရှိ​နေ​၏။ သူ​သည်​ကျောက်​ပြား များ​ပေါ်​တွင်၊ ပ​ဋိ​ညာဉ်​တည်း​ဟူ​သော​ပ​ညတ် တော်​ဆယ်​ပါး​ကို​ရေး​ထား​လေ​၏။

``သင်​တို့​သည်​သိ​နာ​တောင်​တွင်​စု​ရုံး​ရောက် ရှိ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​သံ ကို​နောက်​တစ်​ဖန်​မ​ကြား​ပါ​ရ​စေ​နှင့်။ မီး​လျှံ ကြီး​ကို​လည်း နောက်​တစ်​ဖန်​မ​မြင်​ပါ​ရ​စေ နှင့်​ဟူ​၍​တောင်း​ပန်​ခဲ့​ကြ​၏။ ကိုယ်​တော်​၏ အ​သံ​တော်​နှင့်​မီး​လျှံ​ကို​ကြား​ရ​မြင်​ရ လျှင် သင်​တို့​သေ​မည်​ကို​စိုး​ရိမ်​သော​ကြောင့် ယင်း​သို့​တောင်း​ပန်​ခြင်း​ဖြစ်​၏။-

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ကျောက်​ပြား​နှစ် ချပ်​ကို​ငါ့​အား​ပေး​တော်​မူ​သည်။ ယင်း​ကျောက် ပြား​များ​သည်​သင်​တို့​တောင်​ခြေ​တွင်​စု​ရုံး ကြ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​မီး​ထဲ​မှ​မိန့် ကြား​သော​ပ​ညတ်​တော်​များ​ကို မိ​မိ​လက်​တော် ဖြင့်​အက္ခ​ရာ​တင်​ထား​သည့်​ကျောက်​ပြား​များ ဖြစ်​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ