တရားဟော 10:20Common Language Bibleသင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရိုသေ၍ ကိုယ်တော်ကိုသာဝတ်ပြု ကိုးကွယ်ရမည်။ ထာဝရဘုရားကိုသစ္စာ စောင့်၍ နာမတော်ကိုသာတိုင်တည်လျက် သစ္စာဆိုရမည်။- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည်မင်းကြီးအားအောင်ပွဲ ပေးတော်မူသဖြင့် မင်းကြီးသည်ဝမ်းမြောက်ပါလိမ့်မည်။ ထာဝရဘုရား၏နာမတော်အားဖြင့် သစ္စာကတိပြုသူအပေါင်းတို့သည်ကိုယ်တော် အား ထောမနာပြုကြလိမ့်မည်။ သို့ရာတွင်မုသားကိုသုံးသောသူတို့၏ နှုတ်များမူကားပိတ်လျက်နေရလိမ့်မည်။
သင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့အားကတိထားတော်မူ သောပြည်တွင် သင်တို့နှင့်သင်တို့၏အဆက် အနွယ်များကြာရှည်စွာအသက်ရှင်နေထိုင် နိုင်စေရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုချစ်၍အမိန့်တော်ကိုနာခံလျက် ကိုယ်တော်ရှင်အားဆည်းကပ်ကိုးကွယ်ကြ လော့'' ဟုမှာကြားလေ၏။
သင်တို့တွင်ကျန်ရှိနေသေးသောလူမျိုးများ နှင့်ပေါင်းဖော်ဆက်ဆံခြင်းမပြုမိစေရန် သော်လည်းကောင်း၊ သူတို့ဘုရားများ၏အ မည်နာမများကိုထုတ်ဖော်ပြောဆိုခြင်း၊ ထို ဘုရားများကိုတိုင်တည်၍ကျိန်ဆိုခြင်း၊ ဦး ချဝတ်ပြုခြင်းတို့ကိုမပြုမိစေရန်သော် လည်းကောင်းသတိပြုရမည်။-
ဣသရေလအမျိုးသားတို့အားရှမွေလ က``သင်တို့သည်ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လည်လာရောက် လိုပါက လူမျိုးခြားတို့၏ဘုရားများကို လည်းကောင်း၊ အာရှတရက်ဘုရားမ၏ရုပ်တု များကိုလည်းကောင်းစွန့်ပစ်ရကြမည်။ သင်တို့ ၏ကိုယ်ကိုလုံးဝဆက်ကပ်၍ထာဝရဘုရား ကိုသာရှိခိုးဝတ်ပြုကြလျှင် ကိုယ်တော်သည် သင်တို့အားဖိလိတ္တိအမျိုးသားတို့လက်မှ ကယ်တော်မူလိမ့်မည်'' ဟုဆို၏။-