ထို့နောက်သင်တို့၏ဘိုးဘေးတို့အား ပေးမည် ဟုကတိထားတော်မူသောပြည်ကိုချီတက် သိမ်းယူနိုင်ရန် သင်တို့ကိုခေါင်းဆောင်ရမည် ဟုငါ့အားမိန့်တော်မူ၏။''
ယခုသွား၍သင့်အားငါမိန့်မှာပြီးသော အရပ်သို့သူတို့ကိုပို့ဆောင်လော့။ ငါ၏ကောင်း ကင်တမန်သည် သင့်အားလမ်းပြမည်။ သို့ရာ တွင်ဤသူတို့၏အပြစ်အတွက်ငါဒဏ်စီရင် မည့်အချိန်ကျရောက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။
ထာဝရဘုရားသည်မောရှေအား ``သင်သည် အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောသူတို့နှင့် အတူ ဤအရပ်မှထွက်၍၊ ငါသည်အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်သူတို့၏အဆက်အနွယ် တို့အားပေးမည်ဟုကတိထားခဲ့သော ပြည်သို့သွားလော့။-
သင်တို့၏ဘိုးဘေးများဖြစ်ကြသောအာဗြ ဟံ၊ ဣဇာက်၊ ယာကုပ်မှစ၍သူတို့၏အဆက် အနွယ်တို့အား ဤဒေသအားလုံးကိုပေး မည်ဟု ငါထာဝရဘုရားကတိထားတော် မူခဲ့သည်။ သင်တို့သွား၍သိမ်းယူကြလော့' ဟူ၍မိန့်တော်မူသည်'' ဟုဆို၏။
``ငါသည်ပထမအကြိမ်ကဲ့သို့ တောင်ပေါ် တွင်ရက်ပေါင်းလေးဆယ်ပတ်လုံးနေခဲ့သည်။ သင်တို့အားမသုတ်သင်မဖျက်ဆီးပစ်ရန် ငါတောင်းပန်လျှောက်ထားချက်ကိုထာဝရ ဘုရားသည် ဤတစ်ကြိမ်၌လည်းနားညောင်း လက်ခံတော်မူ၏။-
``အို ဣသရေလအမျိုးသားတို့၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှစ်သက်တော် မူသောကျင့်ဝတ်ကားဤသို့တည်း၊ ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေ၍၊-