Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 1:43

Common Language Bible

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို သင်​တို့​အား​ဆင့်​ဆို​သော်​လည်း သင်​တို့​သည် အ​မိန့်​တော်​ကို​မ​နာ​ခံ​ကြ။ သင်​တို့​သည် ထာ​ဝရ​ဘု​ရား​ကို​ဖီ​ဆန်​လျက် မာ​န​ထောင် လွှား​လျက်​တောင်​ကုန်း​ဒေ​သ​သို့​ချီ​တက်​ခဲ့ ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ပုန်​ကန်​ကာ​ကိုယ်​တော်​အား​ဝမ်း နည်း​စေ​ကြ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​ကို​ရန်​ဘက်​ပြု​ကာ​တိုက်​ခိုက် တော်​မူ​သ​တည်း။

နောက်​တစ်​နေ့​နံ​နက်​စော​စော​အ​ချိန်​တွင် သူ​တို့ သည်​တောင်​ကုန်း​ဒေ​သ​ကို​ဝင်​ရောက်​သိမ်း​ပိုက် ရန်​စ​တင်​ချီ​တက်​ကြ​လေ​သည်။ သူ​တို့​က``ထာ ဝ​ရ​ဘု​ရား​က​တိ​ထား​တော်​မူ​သော​ပြည်​သို့ ယ​ခု​ငါ​တို့​သွား​ပါ​မည်။ ငါ​တို့​ပြစ်​မှား​မိ ကြောင်း​ဝန်​ခံ​ပါ​၏'' ဟု​ဆို​ကြ​လေ​သည်။

ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် လည်း​ကောင်း၊ မော​ရှေ​သည်​လည်း​ကောင်း​စ​ခန်း​မှ မ​ထွက်​ခွာ​သော်​လည်း သူ​တို့​သည်​တောင်​ကုန်း ဒေ​သ​သို့​အ​ရဲ​စွန့်​၍​ချီ​တက်​ကြ​လေ​သည်။-

တိုင်း​ရင်း​ဖွား​ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​တ​မင်​သက်​သက်​အ​ပြစ် ပြု​မိ​လျှင်​မူ​ကား ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား အား​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ဖြစ်​သော​ကြောင့် သူ့​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။-

``သင်​တို့​သည်​လွန်​စွာ​ခေါင်း​မာ​ကြ​သည် တ​ကား။ သင်​တို့​စိတ်​နှ​လုံး​သည်​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​စ​ကား​ကို​ကြား​နာ​ရန်​နား​ပင်း ကြ​သည်​တ​ကား။ သင်​တို့​သည်​မိ​မိ​တို့​ဘိုး ဘေး​များ​ကဲ့​သို့​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ကို​အ​စဉ်​အ​မြဲ​ဆန့်​ကျင်​ဘက်​ပြု​ကြ​သည် တ​ကား။-

``သို့​ရာ​တွင်​သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​လျက် ထို​ပြည်​ထဲ​သို့​မ​ဝင်​ဘဲ​နေ​ကြ​၏။-

တာ​ဝန်​ကျ​တ​ရား​သူ​ကြီး​သို့​မ​ဟုတ်​ယဇ် ပု​ရော​ဟိတ်​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို မ​နာ ခံ​သော​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​လူ​မျိုး​မှ​ထို ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ