တရားဟော 1:27Common Language Bibleသင်တို့က`ထာဝရဘုရားသည်ငါတို့ကို မုန်းသဖြင့် အာမောရိအမျိုးသားတို့၏လက် ဖြင့် ငါတို့အားသေစေခြင်းငှာအီဂျစ်ပြည် မှထုတ်ဆောင်တော်မူခဲ့၏။- အခန်းကိုကြည့်ပါ။ |
``ထာဝရဘုရားသည်အကျွန်ုပ်တို့ကို အီဂျစ်ပြည်၌ သေစေခဲ့လျှင်သာ၍ကောင်း မည်။ ထိုပြည်တွင်အကျွန်ုပ်တို့သည်အမဲ ဟင်းနှင့်မုန့်ကိုဝအောင်စားရကြ၏။ ယခု မှာမူအကျွန်ုပ်တို့အားလုံးအစာငတ်၍ သေစေခြင်းငှာ၊ ဤတောကန္တာရသို့ပို့ဆောင် ခဲ့ပါသည်တကား'' ဟုညည်းညူအပြစ် တင်ကြ၏။
တစ်ဖန်မောရှေက``ထာဝရဘုရားသည်သင် တို့၏အပြစ်တင်ညည်းညူသံကိုကြားတော် မူသဖြင့် သင်တို့စားရန်ညနေတွင်အသား ကိုလည်းကောင်း၊ နံနက်တွင်လိုသမျှမုန့်ကို လည်းကောင်းပေးတော်မူလိမ့်မည်။ သင်တို့သည် ငါတို့အားအပြစ်တင်ညည်းညူကြခြင်း သည်စင်စစ်အားဖြင့်ထာဝရဘုရားအား အပြစ်တင်ညည်းညူကြခြင်းပင်ဖြစ်၏'' ဟုဆိုလေ၏။