တရားဟော 1:15Common Language Bibleသို့ဖြစ်၍ငါသည်သင်တို့အနွယ်ထဲမှပညာ ရှိ၍ အတွေ့အကြုံများသောခေါင်းဆောင်များ ကိုရွေးချယ်ပြီးလျှင်သင်တို့အားအုပ်ချုပ် စေ၏။ အချို့တို့ကိုလူတစ်ထောင်အုပ်၊ အချို့ တို့ကိုလူတစ်ရာအုပ်၊ အချို့တို့ကိုလူငါး ဆယ်အုပ်၊ အချို့တို့ကိုလူတစ်ဆယ်အုပ်အဖြစ် ခန့်ထားခဲ့သည်။ ထို့ပြင်သင်တို့အနွယ်အား လုံး၌ အခြားသောအရာရှိများကိုလည်း ခန့်ထားခဲ့၏။ အခန်းကိုကြည့်ပါ။ |
လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။-
မင်းကြီးသည်ဒါဝိဒ်ရှိရာအရပ်ကိုတွေ့ရှိ ပြီဖြစ်ကြောင်းကြားသိရသောအခါ အရာရှိ တို့အား``အချင်းဗင်္ယာမိန်အနွယ်ဝင်တို့၊ နား ထောင်ကြလော့။ ဒါဝိဒ်သည်သင်တို့အားလယ် ယာများနှင့်စပျစ်ဥယျာဉ်များကိုပေး၍ တပ်မတော်အရာရှိများအဖြစ်ခန့်အပ် လိမ့်မည်ဟုထင်မှတ်ကြပါသလော။-