တောလည် 9:6Common Language Bibleသို့ရာတွင်အချို့သောသူတို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့် ဘာသာရေးထုံးနည်းအရမသန့်စင်သောကြောင့် ထိုနေ့တွင်ပသခါပွဲတော်ကိုမဝင်နိုင်ကြချေ။ သူတို့သည်မောရှေနှင့်အာရုန်တို့ထံသွား၍၊- အခန်းကိုကြည့်ပါ။ |
သူသည်ငါ့အတွက်သီးသန့်ဆက်ကပ်ထား သူဖြစ်၍ ဘာသာရေးထုံးနည်းအရမိမိ ကိုယ်ကိုမညစ်ညမ်းစေရ။ ငါ၏တဲတော်မှ ထွက်၍မည်သည့်အသုဘအိမ်သို့မျှမ သွားရ။ မိရင်းဘရင်းသေဆုံးသည့်အိမ်သို့ ပင်မသွားရ။ ဤသို့လျှင်ငါ၏တဲတော်မှ ထွက်၍အသုဘအိမ်သို့သွားခြင်းအား ဖြင့်ငါ၏တဲတော်ကိုမညစ်ညမ်းစေရ။-
အိမ်၌လူသေသဖြင့်မသန့်စင်မှုပေါ်ပေါက် ခဲ့သော် ဘာသာရေးထုံးနည်းအရသန့်စင် သူက ဟုဿုပ်ညွန့်ကိုရေထဲ၌နှစ်ပြီးလျှင် တဲကိုလည်းကောင်း၊ တဲထဲ၌ရှိသမျှသော ပစ္စည်းများနှင့်လူများကိုလည်းကောင်းဖျန်း ရမည်။ လူသေအရိုး၊ လူသေကောင်သို့မဟုတ် သင်္ချိုင်းကိုကိုင်တွယ်မိ၍ မသန့်စင်သူကို သန့်စင်သူကရေနှင့်ဖျန်းရမည်။-