Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 9:22

Common Language Bible

တဲ​တော်​အ​ပေါ်​တွင်​မိုး​တိမ်​သည်​နှစ်​ရက်​ဖြစ်​စေ၊ တစ်​လ​ဖြစ်​စေ၊ တစ်​နှစ်​သို့​မ​ဟုတ်​တစ်​နှစ်​ထက်​ပို​၍​ဖြစ်​စေ တည်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည်​ခ​ရီး​ဆက်​ခြင်း​မ​ပြု​ကြ။ သို့​ရာ​တွင်​မိုး​တိမ်​တက်​သည့်​အ​ခါ​၌​မူ​ကား​ခ​ရီး​ဆက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန်​မြို့​သို့​လမ်း ဖြောင့်​ဖြင့် ပို့​ဆောင်​တော်​မူ​၏။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​လို​တော်​အ​တိုင်း​ဆောင်​ရွက်​ရန် ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကျေး​ဇူး​ပြု​တော်​မူ​၍ ဘေး​မဲ့​လုံ​ခြုံ​ရာ​လမ်း​ကို​ညွှန်​ပြ​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​လိုက်​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​မည်။ သင့်​အား​အ​ကြံ​ဉာဏ်​ပေး​၍​ကြည့်​ရှု​ပြု​စု​မည်။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​ကြံ​ပေး​၍ လမ်း​ပြ​တော်​မူ​ပြီး​လျှင်​နောက်​ဆုံး​၌ ကျွန်​တော်​မျိုး​အား​ချီး​မြှင့်​ရန်​လက်​ခံ​တော်​မူ လိမ့်​မည်။

ကိုယ်​တော်​ရှင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​၏ ကွပ်​ကဲ​မှု​ဖြင့် မိ​မိ​၏​လူ​စု​တော်​အား​သိုး​ထိန်း​သ​ဖွယ် ပို့​ဆောင်​တော်​မူ​ပါ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝရ ဘု​ရား​က မော​ရှေ​အား​မိန့်​တော်​မူ​သ​မျှ တို့​ကို​လုပ်​ဆောင်​ပြီး​စီး​ကြ​၏။-

မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​အ​မိန့်​ပေး​တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။

သို့​ဖြစ်​၍​မော​ရှေ၊ အာ​ရုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း လေ​ဝိ​အ​နွယ်​ဝင် တို့​ကို​ဆက်​ကပ်​ကြ​၏။-

မိုး​တိမ်​အ​ထက်​သို့​တက်​သည့်​အ​ခါ​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စ​ခန်း​ဖြုတ်​၍​မိုး​တိမ်​သက်​ဆင်း​သည့်​နေ​ရာ​တွင်​တစ်​ဖန်​စ​ခန်း​ချကြ​၏။-

တစ်​ခါ​တစ်​ရံ​မိုး​တိမ်​သည်​ည​နေ​ခင်း​မှ​နံ​နက်​အ​ထိ​သာ​တည်​ရှိ​၏။ သူ​တို့​သည်​မိုး​တိမ်​တက်​လျှင်​ခ​ရီး​ဆက်​ကြ​သည်။-

သူ​တို့​သည်​စု​ရုံး​လာ​ကြ​သော​အ​ခါ​ကိုယ်​တော် က``ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ​၍​မ​သွား​ကြ နှင့်။ ခ​မည်း​တော်​က​တိ​ထား​တော်​မူ​သည့်​ဆု ကျေး​ဇူး​ကို​စောင့်​မျှော်​လျက်​နေ​ကြ​လော့။ ထို ဆု​ကျေး​ဇူး​အ​ကြောင်း​ကို​ယ​ခင်​က​သင်​တို့ အား​ငါ​ဖော်​ပြ​ခဲ့​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ