``ဣသရေလအမျိုးသားတို့သည် ယခုလတစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်မှအစပြု၍ပသခါပွဲတော်နှင့်ဆိုင်သော ပြဋ္ဌာန်းချက်များနှင့်အညီကျင်းပကြရမည်'' ဟုမိန့်တော်မူ၏။-
ယောရှိမင်းသည်ပဋိညာဉ်ကျမ်းစောင်တော်တွင် ပါရှိသည့်အတိုင်း လူတို့အားမိမိတို့ဘုရား သခင်ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း သည့်ပသခါပွဲကျင်းပကြရန်အမိန့်ပေး တော်မူ၏။-
ယောရှိမင်းသည်ထာဝရဘုရား၏ဂုဏ်တော် ကိုချီးမွမ်းသည့်အနေဖြင့်ယေရုရှလင်မြို့ တွင် ပသခါပွဲတော်ကျင်းပ၍ပထမလ တစ်ဆယ့်လေးရက်နေ့၌ထိုပွဲတော်အတွက် သိုးနွားများကိုသတ်စေ၏။-
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောသူတို့သည် ပသခါပွဲတော်ကိုပထမလ၊ တစ်ဆယ့်လေးရက်နေ့၌ကျင်းပကြ၏။-
ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီး မွမ်းသည့်ပသခါပွဲတော်ကိုပထမလ၊ တစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်တွင်စတင် ကျင်းပရမည်။-
နှစ်စဉ်ပထမလတစ်ဆယ့်လေးရက်နေ့တွင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း သောပသခါပွဲတော်ကိုကျင်းပရမည်။-
ပသခါသိုးသူငယ်ကိုသတ်၍ပူဇော်ရသော နေ့တည်းဟူသော တဆေးမဲ့မုန့်ပွဲတော်ပထမ နေ့၌တပည့်တော်တို့က ``အရှင့်အတွက်ပသခါ ပွဲညစာကို အကျွန်ုပ်တို့အဘယ်အရပ်သို့သွား ၍ပြင်ဆင်ရပါမည်နည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။
တဆေးမဲ့မုန့်ပွဲတော်တွင်ပသခါသိုးငယ်ကို သတ်၍ပူဇော်ရာနေ့ရက်ကျရောက်လာ၏။-
ဣသရေလအမျိုးသားတို့သည်ယေရိခေါ မြို့အနီးလွင်ပြင်၌ရှိသောဂိလဂါလ အရပ်တွင် စခန်းချနေစဉ်ပထမလတစ် ဆယ့်လေးရက်နေ့ည၌ပသခါပွဲတော်ကို ကျင်းပကြသည်။-