တောလည် 7:1Common Language Bibleမောရှေသည်တဲတော်ကိုတည်ဆောက်ပြီး သောနေ့တွင် တဲတော်နှင့်သက်ဆိုင်ရာပစ္စည်း များကိုလည်းကောင်း၊ ယဇ်ပလ္လင်နှင့်သက်ဆိုင် သောပစ္စည်းများကိုလည်းကောင်း ဘိသိက်ဆီ လောင်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။- အခန်းကိုကြည့်ပါ။ |
ထိုနေ့၌ပင်မင်းကြီးသည်ဗိမာန်တော်ရှေ့၌ ရှိသော အလယ်တံတိုင်းကိုလည်းအနုမောဒနာ ပြုတော်မူ၏။ သူသည်ထိုနေရာ၌တစ်ကောင်လုံး မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သကာကိုလည်း ကောင်း၊ မိတ်သဟာယယဇ်အတွက်ဆီဥကို လည်းကောင်းပူဇော်လေသည်။ ထိုသို့ပြုရခြင်း မှာဗိမာန်တော်တံတိုင်းအတွင်းရှိ ကြေးဝါ ယဇ်ပလ္လင်သည်ထိုပူဇော်သကာအပေါင်းတို့ အတွက်အလွန်သေးငယ်၍နေသောကြောင့် တည်း။
ယဇ်ပလ္လင်ကိုအနုမောဒနာပြုရာ၌ ဣသ ရေလအမျိုးခေါင်းဆောင်တစ်ဆယ့်နှစ်ဦး တို့ယူဆောင်ခဲ့ကြသောလှူဖွယ်ပစ္စည်းစုစု ပေါင်းမှာ၊ -အလေးချိန်စုစုပေါင်းပေါင်ခြောက်ဆယ်ရှိသော ငွေဖလားတစ်ဆယ့်နှစ်လုံးနှင့်ငွေအင်တုံတစ် ဆယ့်နှစ်လုံး၊ -နံ့သာပေါင်းအပြည့်ရှိသောအလေးချိန် စုစုပေါင်းလေးဆယ့်ရှစ်အောင်စရှိရွှေလင် ပန်းတစ်ဆယ့်နှစ်ချပ်၊ -မီးရှို့ရာယဇ်အတွက်နွားထီးတစ်ဆယ့်နှစ် ကောင်၊ သိုးထီးတစ်ဆယ့်နှစ်ကောင်၊ တစ်နှစ်သား သိုးကလေးတစ်ဆယ့်နှစ်ကောင်နှင့် ယင်းတို့ နှင့်သက်ဆိုင်သောဘောဇဉ်သကာများ၊ -အပြစ်ဖြေရာယဇ်အတွက်ဆိတ်တစ်ဆယ့် နှစ်ကောင်။ -မိတ်သဟာယယဇ်အတွက်နွားထီးနှစ်ဆယ့် လေးကောင်၊သိုးထီးအကောင်ခြောက်ဆယ်၊ဆိတ် အကောင်ခြောက်ဆယ်၊တစ်နှစ်သားသိုးကလေး အကောင်ခြောက်ဆယ်စသည်တို့ဖြစ်ကြသည်။