တောလည် 6:18Common Language Bibleနာဇရိဂိုဏ်းဝင်သည်တဲတော်တံခါးဝ တွင် မိမိ၏ဆံပင်ကိုရိတ်၍ မိတ်သဟာယ ယဇ်မီးရှို့ရာမီးထဲတွင်ထည့်ရမည်။ အခန်းကိုကြည့်ပါ။ |
နာဇရိဂိုဏ်းဝင်တစ်ယောက်၏အနီးတွင် တစ် စုံတစ်ယောက်ရုတ်တရက်သေဆုံးခဲ့သည်ရှိ သော် သူ၏ဆက်ကပ်ထားသောဆံပင်သည် ညစ် ညမ်းသွားလိမ့်မည်။ ယင်းသို့ဖြစ်လျှင်သူသည် ခုနစ်ရက်စောင့်ဆိုင်း၍ ဆံပင်နှင့်မုတ်ဆိတ်မွေး ကိုရိတ်ရမည်။ ထိုအခါသူသည် ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။-
ထိုသူတို့ကိုခေါ်သွားပြီးလျှင်သန့်စင်ခြင်း မင်္ဂလာကိုသူတို့နှင့်အတူပြုပါလော့။ သူတို့ အတွက်ဦးခေါင်းရိတ်ခငွေကိုသင်ကျခံပါ။ ဤသို့ပြုပါမူသင့်အကြောင်းလူတို့ကြားခဲ့ ကြသည့်သတင်းစကားများမှာ အခြေအမြစ် မရှိကြောင်းကိုလည်းကောင်း၊ သင်ကိုယ်တိုင်ပင် လျှင်ပညတ်တရားကိုတိကျစွာစောင့်ထိန်း ကြောင်းကိုလည်းကောင်းလူတိုင်းသိရှိပါ လိမ့်မည်။-
သို့ဖြစ်၍ပေါလုသည်နောက်တစ်နေ့၌ထိုလူ လေးယောက်တို့ကိုခေါ်ပြီးလျှင် သူတို့နှင့်အတူ သန့်စင်ခြင်းမင်္ဂလာကိုပြုလေ၏။ ထိုနောက်သူ သည်ဗိမာန်တော်သို့သွား၍သန့်စင်ခြင်းမင်္ဂလာ ပြုရာကာလပြီးဆုံးမည့်အချိန်နှင့် မိမိတို့ တစ်ဦးစီအတွက်ပူဇော်သကာဆက်သရမည့် အချိန်တို့ကိုကြိုတင်အကြောင်းကြားထား လေသည်။