တောလည် 6:13Common Language Bibleနာဇရိဂိုဏ်းဝင်သည်အဋ္ဌိဋ္ဌာန်ကာလကုန် ဆုံးသောအခါ ပြုရမည့်ဝတ်ကားဤသို့ တည်း။ သူသည်မီးရှို့ရာယဇ်အတွက် အပြစ် အနာကင်းသောတစ်နှစ်သားသိုးထီးက လေးတစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် အပြစ်အနာကင်းသောသိုးအမတစ်ကောင်နှင့် မိတ်သဟာယယဇ်အတွက်အပြစ်အနာ ကင်းသောသိုးထီးတစ်ကောင်ကို ထာဝရ ဘုရားအားဆက်သရန် တဲတော်တံခါးဝ သို့ယူဆောင်ခဲ့ရမည်။- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ပေါလုသည်နောက်တစ်နေ့၌ထိုလူ လေးယောက်တို့ကိုခေါ်ပြီးလျှင် သူတို့နှင့်အတူ သန့်စင်ခြင်းမင်္ဂလာကိုပြုလေ၏။ ထိုနောက်သူ သည်ဗိမာန်တော်သို့သွား၍သန့်စင်ခြင်းမင်္ဂလာ ပြုရာကာလပြီးဆုံးမည့်အချိန်နှင့် မိမိတို့ တစ်ဦးစီအတွက်ပူဇော်သကာဆက်သရမည့် အချိန်တို့ကိုကြိုတင်အကြောင်းကြားထား လေသည်။