သင်သည်သင်၏လူမျိုးအတွက်အမင်္ဂလာ ဖြစ်ပါစေသား။ သင်၏မိန်းမအင်္ဂါတို့သည် ခြောက်ကပ်လာ၍ သင်၏ဝမ်းဗိုက်သည်ဖောင်း ပွလာလိမ့်မည်။-
သင်ကိုယ်တိုင်အူ၌တစ်နေ့တစ်ခြားဆိုး ရွားလာသည့်ရောဂါစွဲကပ်လာလိမ့်မည်''ဟု ပါရှိ၏။
တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏။
ငါ၏ရွေးချယ်တော်ခံလူမျိုးတော်သည် သင်တို့နာမည်ကိုကျိန်စာအဖြစ်အသုံး ပြုကြလိမ့်မည်။ ငါထာဝရအရှင်ဘုရားသခင်သည်လည်းသင်တို့အားကွပ်မျက်တော် မူမည်။ သို့ရာတွင်ငါ၏စကားကိုနားထောင် သူတို့အားငါသည်နာမည်သစ်ကိုပေး တော်မူမည်။-
ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ပြည်နှင် ဒဏ်သင့်သူတို့သည် လူတစ်ဦးတစ်ယောက် အားကျိန်ဆဲလိုလျှင်`ထာဝရဘုရားသည် သင့်အားဗာဗုလုန်ဘုရင်ကအရှင်လတ်လတ် မီးရှို့သတ်သည့်ဇေဒကိနှင့်အာဟတ်တို့ကဲ့ သို့ပြုတော်မူပါစေသော' ဟုဆိုကြလိမ့်မည်။-
အမျိုးသမီးသည်အခြားယောကျာ်းနှင့်ဖောက် ပြန်ကူးလွန်ခဲ့လျှင် သူသည်ဝေဒနာပြင်းပြ စွာခံရ၍ သူ၏ဝမ်းဗိုက်သည်ဖောင်းပွလာလျက် သူ၏မိန်းမအင်္ဂါသည်လည်းခြောက်ကပ်လာလိမ့် မည်။ သူသည်မိမိလူမျိုးအတွက်အမင်္ဂလာ ဖြစ်လိမ့်မည်။-
ပေတရုက ``ထိုသူကိုငါမသိ'' ဟုဘုရားသခင် ကိုတိုင်တည်၍ကျိန်ဆိုလေ၏။ ထိုခဏ၌ကြက်တွန်လေ၏။-
ထိုအခါယောရှုက``ယေရိခေါမြို့ကိုပြန် လည်တည်ဆောက်သောသူသည် ထာဝရ ဘုရား၏ကျိန်စာသင့်ပါစေသား။ မြို့၏အုတ်မြစ်ကိုတည်သောသူသည် သားဦးဆုံးရပါစေသား။ မြို့တံခါးကိုဆောက်သောသူသည်သားထွေး ဆုံးရပါစေသား'' ဟူ၍ကျိန်ဆိုလေ၏။
ရှောလုက``ယနေ့ရန်သူတို့အားငါလက်စား မချေရမီ အစားအစာစားသောက်သူသည် ကျိန်စာသင့်ပါစေသတည်း'' ဟုကျိန်ဆိုထား သဖြင့်ထိုနေ့၌ဣသရေလအမျိုးသားတို့ သည် ဆာလောင်မွတ်သိပ်ကာနွမ်းနယ်လျက်ရှိ ကြ၏။ တစ်နေ့လုံးအဘယ်သူမျှအစား အစာမစားရကြ။-