တောလည် 5:18Common Language Bibleထိုနောက်သူသည်အမျိုးသမီးဆံပင်ကို ဖြေ၍ ပူဇော်သကာမုန့်ညက်ကိုသူ့လက်ထဲ သို့ထည့်ရမည်။ ယဇ်ပုရောဟိတ်သည်ကျိန်စာ သင့်စေသော ရေခါးပါရှိသည့်အိုးကိုလက် ထဲတွင်ကိုင်ထားရမည်။- အခန်းကိုကြည့်ပါ။ |
သင်၏ဒုစရိုက်ကသင့်ကိုဒဏ်ခတ်လိမ့်မည်။ သင်၏ဖောက်ပြန်မှုကသင့်ကိုအပြစ်ဒဏ် ပေးပါလိမ့်မည်။ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသင် စွန့်ပစ်မှု၊ ငါ့အားမကြောက်မရွံ့တော့ဘဲနေသောအမှုတို့သည် အဘယ်မျှဆိုးညစ်မိုက်မဲသည်ကိုသင်သိရှိ လာလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရဘုရား မြွက်ဟသည်စကားပင်တည်း။
မည်သို့ပင်ဖြစ်စေ၊ ခင်ပွန်းသည်ဇနီးကိုယဇ် ပုရောဟိတ်ထံသို့ခေါ်ဆောင်သွားရမည်။ သူ သည်ပူဇော်သကာအဖြစ် မုယောမုန့်ညက် နှစ်ပေါင်ကိုလည်းယူခဲ့ရမည်။ သို့ရာတွင် ပူဇော်သကာသည်မယုံသင်္ကာသဖြင့် အမှန် တရားကိုဖော်ထုတ်ရန်ဖြစ်သောကြောင့် သူ သည်မုန့်ညက်ပေါ်တွင်သံလွင်ဆီကိုမ လောင်းရ၊ နံ့သာပေါင်းကိုလည်းမတင်ရ။
ဤနေရာ၌ယနေ့ရပ်နေကြသောသူတို့ တွင်မည်သည့်ယောကျာ်းသို့မဟုတ်မိန်းမ သော်လည်းကောင်း၊ မိသားစုသို့မဟုတ် အနွယ်သော်လည်းကောင်းငါတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်၍ လူမျိုး ခြားတို့၏ဘုရားများကိုမကိုးကွယ် မိစေရန်သတိပြုကြလော့။ ထိုသို့ပြု မိလျှင် ခါး၍အဆိပ်ရှိသောအပင်ကို ဖြစ်ပွားစေသည့်အမြစ်သဖွယ်ဖြစ် လိမ့်မည်။-