Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 4:6

Common Language Bible

ကန့်​လန့်​ကာ​အ​ပေါ်​တွင်​နူး​ညံ့​သော​သား​ရေ ဖုံး​အုပ်​ပြန်​၍ ထို​အ​ပေါ်​တွင်​အ​ပြာ​ထည်​ကို ထပ်​မံ​၍​အုပ်​ရ​မည်။ ထို​နောက်​ထမ်း​ပိုး​များ ကို​ကွင်း​များ​တွင်​လျှို​သွင်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

``အ​လျား​လေး​ဆယ့်​ငါး​လက်​မ၊ အ​နံ​နှစ်​ဆယ့် ခု​နစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ သော​သေတ္တာ​တစ်​လုံး​ကို​အ​ကာ​ရှ​သစ်​သား ဖြင့်​ပြု​လုပ်​လော့။-

ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့်​သူ​၏​သား​များ သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​ထမ်း​ဆောင် စဉ်​ဝတ်​ဆင်​ရန်၊ ထည်​ဝါ​ခန့်​ညား​သော​အဝတ် အ​ထည်​များ​စ​သည်​တို့​အ​တွက်​စီ​မံ ဆောင်​ရွက်​ရ​ကြ​မည်'' ဟု​ဆင့်​ဆို​လေ​၏။

သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင် ရ​မည့် ယဇ်​ပု​ရော​ဟိတ်​များ​ဝတ်​ဆင်​ရန်​ခန့် ညား​ထည်​ဝါ​သော​အ​ဝတ်​တန်​ဆာ​များ​ကို သူ​တို့​သည် အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး​ဖြင့်​ချုပ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း အာ​ရုန်​အ​တွက်​ယဇ်​ပု​ရော​ဟိတ်​တို့​၏ အဝတ်​တန်​ဆာ​များ​ကို​ချုပ်​ကြ​၏။

သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင် ရာ​၌ ယဇ်​ပု​ရော​ဟိတ်​များ​ဝတ်​ဆင်​ရန်​ထည် ဝါ​သော​အ​ဝတ်​တန်​ဆာ​များ၊ အာ​ရုန်​နှင့် သား​များ​ဝတ်​ဆင်​ရန်​သန့်​ရှင်း​သော​အ​ဝတ် တန်​ဆာ​များ​ကို​လည်း​ကောင်း၊ မော​ရှေ​ထံ​သို့ ယူ​ဆောင်​ခဲ့​ကြ​၏။-

ထို​အ​ပေါ်​တွင်​ယဇ်​ပလ္လင်​နှင့်​ဆိုင်​သော မီး​ခံ​ခွက်၊ ချိတ်၊ ဂေါ်​ပြား၊ ဖ​လား​စ​သော​အ​သုံး​အ​ဆောင် ပစ္စည်း​အား​လုံး​တို့​ကို​တင်​ထား​ရ​မည်။ ထို​နောက် ပလ္လင်​အ​သုံး​အ​ဆောင်​ပစ္စည်း​များ​ကို နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​၍​ထမ်း​ပိုး များ​ကို​လျှို​ထား​ရ​မည်။-

သို့​ဖြစ်​၍​မော​ရှေ​သည်​ဘု​ရား​သ​ခင်​၏ ပ​ညတ်​တ​ရား​တော်​ကို​ရေး​၍ ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ထိန်း သိမ်း​ရ​သော​လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​များ​အား​ပေး​အပ်​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ