Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 4:33

Common Language Bible

ဤ​သည်​တို့​သည်​ကား​တဲ​တော်​တွင်​မေ​ရာ​ရိ သား​ချင်း​စု​တို့​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​များ ဖြစ်​သည်။ သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အာ​ရုန် ၏​သား​ဣ​သ​မာ​ညွှန်​ကြား​သည့်​အ​တိုင်း ဆောင်​ရွက်​ကြ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ပ​ညတ်​တော်​ဆယ်​ပါး​ရေး​ထိုး​ထား​သော ကျောက်​ပြား​ထား​ရှိ​ရာ​တဲ​တော်​အ​တွက် အ​သုံး​ပြု​သော​သတ္တု​စာ​ရင်း​ကို​ဖော်​ပြ ပေ​အံ့။ ထို​စာ​ရင်း​မှာ​ယဇ်​ပု​ရော​ဟိတ်​အာ​ရုန် ၏​သား​ဣ​သ​မာ​ဦး​စီး​သော လေ​ဝိ​အ​မျိုး သား​တို့​က​မော​ရှေ​၏​အ​မိန့်​အ​ရ​ပြု​စု သော​စာ​ရင်း​ဖြစ်​၏။

သား​ချင်း​စု​ဝင်​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ လူ​တစ်​စုံ​တစ်​ယောက်​ကို​ရွေး​ချယ်​ကာ``ယုတ်​စွ အ​ဆုံး​သင့်​မှာ​အ​ဝတ်​အ​စား​ရှိ​ပါ​သေး​သည်။ သို့​ဖြစ်​၍​ယ​ခု​လို​ဒုက္ခ​ရောက်​ချိန်​၌​ငါ​တို့ ၏​ဦး​စီး​ခေါင်း​ဆောင်​ပြု​လုပ်​ပေး​ပါ'' ဟု​ဆို ကြ​သည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။

ဤ​သည်​တို့​ကား​တဲ​တော်​တွင်​ဂေ​ရ​ရှုန်​သား​ချင်း စု​တို့​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​များ​ဖြစ်​သည်။ သူ တို့​သည်​ယဇ်ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဣ​သ​မာ ညွှန်​ကြား​သည့်​အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​မည်။

တဲ​တော်​ဝင်း​ပတ်​လည်​ရှိ​တိုင်​များ၊ အောက်​ခံ​ခုံ များ၊ ကြက်​ဆူး​များ​နှင့်​ကြိုး​များ​ကို​လည်း ကောင်း၊ ထို​ပစ္စည်း​များ​ကို​တပ်​ဆင်​ရာ​၌​အ​သုံး ပြု​သော​တန်​ဆာ​ပ​လာ​အား​လုံး​တို့​ကို လည်း​ကောင်း​သယ်​ဆောင်​ရ​မည်။ လူ​တိုင်း မိ​မိ​အ​တွက်​သတ်​မှတ်​ပေး​သော​ပစ္စည်း ကို​သယ်​ဆောင်​ရ​မည်။-

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း မော​ရှေ၊ အာ​ရုန်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​တို့​သည်​လေ​ဝိ​သား​ချင်း​စု​သုံး စု​ဖြစ်​သော​ကော​ဟတ်​သား​ချင်း​စု၊ ဂေ​ရ​ရှုန် သား​ချင်း​စု​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု​တို့ တွင်​အ​သက်​သုံး​ဆယ်​နှင့်​ငါး​ဆယ်​အ​တွင်း ရှိ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် တွင်​အ​မှု​ထမ်း​ဆောင်​နိုင်​မည့်​ယောကျာ်း​တို့ ကို​ဘိုး​ဘေး​ဆွေ​မျိုး​များ​ဘက်​မှ မိ​သား​စု အ​လိုက်​ကောက်​ယူ​ရ​ရှိ​သော​လူ​ဦး​ရေ စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ သား​ချင်း​စု လူ​ဦး​ရေ ကော​ဟတ် ၂၇၅၀ ဂေ​ရ​ရှုန် ၂၆၃၀ မေ​ရာ​ရိ ၃၂၀၀ စု​စု​ပေါင်း ၈၅၈၀

လှည်း​လေး​စီး​နှင့်​နွား​ရှစ်​ကောင်​ကို မေ​ရာ​ရိ သား​ချင်း​စု​တို့​အား​လည်း​ကောင်း​ပေး​အပ် လေ​သည်။ သူ​တို့​သည်​အ​လုပ်​ရှိ​သ​မျှ​ကို အာ​ရုန်​၏​သား ဣ​သ​မာ​ညွှန်​ကြား​သည့် အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​သည်။-

ထို​နောက်​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​၍ လူ​ထု ရှေ့​က​ချီ​တက်​ရန်​စေ​ခိုင်း​သည့်​အ​တိုင်း​သူ တို့​သည်​ချီ​တက်​သွား​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ