ထာဝရဘုရားသည်လေဝိအနွယ်ဝင် မေရာရိ၏သားချင်းစုတွင်၊-
သူတို့သည်တဲတော်ဝင်းရှိတိုင်များ၊ အောက်ခံ ခုံများ၊ ကြက်ဆူးများ၊ ကြိုးများကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။
ဤသည်တို့ကားတဲတော်တွင်ဂေရရှုန်သားချင်း စုတို့ဆောင်ရွက်ရမည့်တာဝန်များဖြစ်သည်။ သူ တို့သည်ယဇ်ပုရောဟိတ်အာရုန်၏သားဣသမာ ညွှန်ကြားသည့်အတိုင်းဆောင်ရွက်ရကြမည်။
အသက်သုံးဆယ်နှင့်ငါးဆယ်အတွင်းရှိ ၍ထာဝရဘုရားစံတော်မူရာတဲတော်၌ အမှုထမ်းဆောင်နိုင်မည့်ယောကျာ်းတို့ကို ဘိုး ဘေးဆွေမျိုးဘက်မှမိသားစုအလိုက် စာရင်းကောက်ယူရန် မောရှေအားအမိန့် ပေးတော်မူ၏။-
လှည်းလေးစီးနှင့်နွားရှစ်ကောင်ကို မေရာရိ သားချင်းစုတို့အားလည်းကောင်းပေးအပ် လေသည်။ သူတို့သည်အလုပ်ရှိသမျှကို အာရုန်၏သား ဣသမာညွှန်ကြားသည့် အတိုင်းဆောင်ရွက်ရကြသည်။-