တောလည် 4:12Common Language Bibleသန့်ရှင်းရာဌာနတော်ထဲတွင်အသုံးပြု သောခွက်ယောက်အားလုံးကိုအပြာထည် ဖြင့်ထုပ်၍ အပြာထည်အပေါ်၌နူးညံ့ သောသားရေထည်ဖြင့်ဖုံးအုပ်ပြီးလျှင် ထမ်းစင်ပေါ်သို့တင်ရမည်။- အခန်းကိုကြည့်ပါ။ |
ဟိရံသည်အိုးများ၊ ဂေါ်ပြားများနှင့်ခွက် ဖလားများကိုလည်းပြုလုပ်လေသည်။ သူသည် ရှောလမုန်မင်းအားကတိထားသည့်အတိုင်း ဗိမာန်တော်အတွက်အောက်ပါပစ္စည်းတန်ဆာ များကိုပြုလုပ်ပြီးစီးလေသည်။ တိုင်နှစ်လုံး၊ အိုးသဏ္ဌာန်ရှိတိုင်ထိပ်အုပ်နှစ်ခု၊ တိုင်ထိပ်အုပ်တို့အတွက်ပန်းကုန်းပုံများ ပန်းကုန်းများပတ်လည်ရှိအလုံးတစ်ရာစီ ရှိသော သလဲသီးနှစ်တန်းအတွက်သလဲသီးလေးရာ၊ လှည်းဆယ်စီး၊ အင်တုံဆယ်လုံး၊ ရေကန်၊ ရေကန်အောက်ခံနွားတစ်ဆယ့်နှစ်ကောင်၊ အိုးများ၊ဂေါ်ပြားများနှင့်ခက်ရင်းခွများ လက်မှုပညာဆရာဟိရံသည်ထာဝရ ဘုရား၏ဗိမာန်တော်တွင်အသုံးပြုရန် ဤ ပစ္စည်းတန်ဆာအပေါင်းကိုရှောလမုန်မင်း ၏အမိန့်တော်နှင့်အညီတောက်ပြောင်နေသည့် ကြေးဝါဖြင့်ပြုလုပ်လေသည်။