Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 35:22

Common Language Bible

``သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက်​အား မုန်း​တီး ခြင်း​မ​ရှိ​ဘဲ​နှင့်​တွန်း​ချ​၍​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ခု​နှင့်​ပစ်​၍​သော်​လည်း​ကောင်း အ​မှတ်​မ​ထင်​သတ်​မိ​လျှင်​ဖြစ်​စေ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သေ​စေ​ရန်​မ​ရည်​ရွယ်​ဘဲ​နှင့်​မ​တော်​တ​ဆ သတ်​မိ​လျှင် သတ်​သော​သူ​သည်​ငါ​သတ်​မှတ် ပေး​မည့်​လုံ​ခြုံ​ရာ​အ​ရပ်​သို့​ရှောင်​တိမ်း​နေ နိုင်​၏။-

ကြို​တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ​ဘဲ​နှင့်​လူ​တစ်​ဦး အား​သတ်​မိ​သူ​သည် ထွက်​ပြေး​ခို​လှုံ​နိုင်​သည့် မြို့​များ​ကို​ရွေး​ချယ်​သတ်​မှတ်​ရ​မည်။-

``တစ်​စုံ​တစ်​ယောက်​အား မုန်း​တီး​သ​ဖြင့်​တွန်း ချ​၍​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ခု​နှင့် ပစ်​၍​သော်​လည်း​ကောင်း၊-

လက်​သီး​နှင့်​ထိုး​၍​သော်​လည်း​ကောင်း သတ် သော​သူ​သည်​လူ​သတ်​မှု​ကို​ကူး​လွန်​သ​ဖြင့် သေ​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​စေ​ရ​မည်။ သေ​ဆုံး သူ​နှင့်​အ​နီး​ဆုံး​သွေး​တော်​စပ်​သူ​သည် တာ​ဝန်​ရှိ​သ​ဖြင့်​လူ​သတ်​သ​မား​ကို​တွေ့ လျှင်​သတ်​ရ​မည်။

မိ​မိ​ရန်​သူ​မ​ဟုတ်​သူ​ကို​ထိ​ခိုက်​စေ​လို​သော ဆန္ဒ​မ​ရှိ​ဘဲ​နှင့်​ကျောက်​ခဲ​ဖြင့် အ​မှတ်​တ​မဲ့ ပစ်​မိ​သော​ကြောင့်​ထို​သူ​သေ​ဆုံး​ရ​လျှင် ဖြစ်​စေ၊-

ပ​မာ​အား​ဖြင့်​လူ​နှစ်​ယောက်​တို့​သည်​တော ထဲ​သို့​သစ်​ခုတ်​ရန်​အ​တူ​သွား​ကြ​ရာ​၌ တစ် ယောက်​က​သစ်​ပင်​ကို​ခုတ်​လှဲ​နေ​စဉ်​ပု​ဆိန် သွား​သည်​အ​ရိုး​မှ​ကျွတ်​ထွက်​၍ အ​ခြား တစ်​ယောက်​ကို​ထိ​မှန်​သ​ဖြင့် ထို​သူ​သေ​လျှင် သတ်​မိ​သူ​သည်​ထို​သုံး​မြို့​အ​နက် တစ်​မြို့ မြို့​သို့​ထွက်​ပြေး​လျှင်​အ​သက်​ချမ်း​သာ ခွင့်​ရ​ရှိ​နိုင်​သည်။-

တစ်​စုံ​တစ်​ယောက်​အား​မ​တော်​တ​ဆ​သတ်​မိ သော​သူ​သည် လက်​စား​ချေ​မည့်​သူ​၏​လက်​မှ လွတ်​မြောက်​ရန် ထို​မြို့​များ​သို့​ထွက်​ပြေး ခို​လှုံ​နိုင်​စေ​ရ​မည်။-

လက်​စား​ချေ​ရန်​လိုက်​လာ​သူ​သည်​ထို​အ​ရပ် သို့​ရောက်​ရှိ​လာ​လျှင်​မြို့​သူ​မြို့​သား​တို့​က ထွက်​ပြေး​ခို​လှုံ​သူ​အား ထို​သူ​၏​လက်​သို့ မ​အပ်​ရ။ သူ​သည်​မိ​မိ​အမျိုး​သား​ချင်း​ကို ရန်​ငြိုး​မ​ရှိ​ဘဲ​မ​တော်​တ​ဆ​သတ်​မိ​သည် ဖြစ်​သော​ကြောင့်​သူ့​အား​အ​သက်​ဘေး​မှ ကာ​ကွယ်​ပေး​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ