Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 35:2

Common Language Bible

``ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ရ​ရှိ​သော​နယ်​မြေ​ထဲ​မှ အ​ချို့​သော​မြို့​များ နှင့်​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​လေ​ဝိ အ​နွယ်​အား​ပေး​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​စု​ရုံး​လျက်​ရှိ​သော​ဣ​သ​ရေ​လ​ပြည် သား​တို့​အား``သင်​တို့​သ​ဘော​တူ​ညီ​၍​ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​လည်း​အ​လို တော်​ရှိ​မည်​ဆို​ပါ​က ကျန်​ရှိ​နေ​သော​အ​ခြား ငါ​တို့​အ​မျိုး​သား​အ​ပေါင်း​နှင့်​မြို့​ရွာ​များ ရှိ​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင် များ​အား ဤ​အ​ရပ်​သို့​အ​ရောက်​စု​ဝေး​ကြ ရန်​စေ​တ​မန်​များ​လွှတ်​၍​ခေါ်​ဖိတ်​ကြ ကုန်​အံ့။-

ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နှင့်​သူ​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ​တို့​သည် လေ​ဝိ​အ​နွယ်​ဝင် တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​ဖြင့်​အ​မှု​တော်​ထမ်း​ဆောင်​ရန်​ခွင့်​မ​ပြု ကြ​ချေ။ သို့​ဖြစ်​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မိ​မိ​တို့​၏​စား​ကျက်​များ​နှင့်​အ​ခြား​မြေ​ယာ များ​ကို​စွန့်​၍ ယု​ဒ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​ရှိ​လာ​ကြ​၏။-

အာ​ရုန်​မှ​ဆင်း​သက်​လာ​သူ​တို့​အား​နေ​ရာ ချ​ထား​သည့်​မြို့​များ​၌​ဖြစ်​စေ၊ ထို​မြို့​တို့ နှင့်​သက်​ဆိုင်​သည့်​စား​ကျက်​များ​၌​ဖြစ်​စေ နေ​ထိုင်​သူ​ယဇ်​ပု​ရော​ဟိတ်​များ​တွင်​ရိက္ခာ ခွဲ​ဝေ​မှု​တာ​ဝန်​ခံ​များ​ရှိ​၏။ သူ​တို့​သည်​ယဇ် ပု​ရော​ဟိတ်​များ​၏​အိမ်​ထောင်​စု​ဝင်​ယောကျာ်း မှန်​သ​မျှ​နှင့် လေ​ဝိ​သား​ချင်း​စု​စာ​ရင်း ဝင်​သူ​မှန်​သ​မျှ​တို့​အား​စား​နပ်​ရိက္ခာ များ​ကို​ခွဲ​ဝေ​ပေး​ကြ​၏။

လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ဗိ​မာန်​တော်​ဂီ​တ ပ​ညာ​သည်​များ​သည်​ရိက္ခာ​အ​လုံ​အ​လောက် မ​ရ​ကြ​သ​ဖြင့် မိ​မိ​တို့​၏​လယ်​ယာ​များ​ရှိ ရာ​သို့​ပြန်​သွား​ကြ​ကြောင်း​ကို​ငါ​ကြား သိ​ရ​၏။-

ယု​ဒ​ပြည်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​နယ်​စပ်​အ​တွင်း အ​ထူး​နယ်​မြေ​တစ်​ခု​ရှိ​ရ​မည်။ ထို​နယ်​မြေ​သည်​အ​နံ​ရှစ်​မိုင်​ရှိ​၍​အ​လျား​မှာ​ဣ​သ​ရေ​လ​အ​နွယ်​တို့​အား​ခွဲ​ဝေ​ပေး​သည့်​နယ်​မြေ​တို့​၏​အ​လျား​အ​တိုင်း​ဖြစ်​ရ​မည်။ ဗိ​မာန်​တော်​သည်​ထို​နယ်​မြေ​တွင်​ရှိ​ရ​မည်။

ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ယော်​ဒန်​မြစ်​နား​ရှိ မော​ဘ​လွင်​ပြင်​၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား၊-

ဤ​မြို့​များ​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက် ဖြစ်​၍ သူ​တို့​သည်​ထို​မြို့​များ​တွင်​နေ​ထိုင်​ရ ကြ​မည်။ စား​ကျက်​မြေ​သည်​သူ​တို့​၏​နွား များ​နှင့်​အ​ခြား​တိ​ရစ္ဆာန်​တို့​အ​တွက်​ဖြစ် သည်။-

``ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​မည်​သည့်​မြို့​မှ​မ​ဆို လေ​ဝိ​အ​မျိုး​သား​မည်​သူ​မ​ဆို တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​တော်​သို့​သွား​ရောက်​၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ