Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 35:19

Common Language Bible

သေ​ဆုံး​သူ​နှင့်​အ​နီး​ဆုံး​သွေး​တော်​စပ်​သူ သည် တာ​ဝန်​ရှိ​သ​ဖြင့်​လူ​သတ်​သ​မား​ကို တွေ့​လျှင်​သတ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​ဤ​မြေ​မှ​နှင်​ထုတ် တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​မျက်​မှောက်​တော်​မှ လည်း​နှင်​ထုတ်​တော်​မူ​ပါ​ပြီ။ အိုး​အိမ်​မဲ့​လျက် မြေ​ကြီး​ပေါ်​တွင် လှည့်​လည်​နေ​ရ​ပါ​မည်။ တွေ့ သ​မျှ​သော​သူ​တို့​သည် အ​ကျွန်ုပ်​အား​သတ် ကြ​ပါ​လိမ့်​မည်'' ဟု​ပြန်​၍​လျှောက်​၏။

အ​မျိုး​သ​မီး​က​လည်း``အ​ရှင်​မင်း​ကြီး၊ ကျွန် တော်​မ​၏​သား​ကြီး​အ​တွက်​လက်​စား​ချေ​ရန် ကြံ​စည်​နေ​ကြ​သော​ဆွေ​မျိုး​တို့​သည် ကျွန်​တော် မ​၏​သား​ငယ်​ကို​သတ်​ခြင်း​အား​ဖြင့် ပို​မို​ကြီး လေး​သည့်​ရာ​ဇ​ဝတ်​မှု​ကို​မ​ပြု​ကြ​စေ​ရန် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​က``သင်​၏​သား​ငယ်​သည်​စိုး စဉ်း​မျှ​ဘေး​ဥ​ပဒ်​မ​ဖြစ်​စေ​ရန် အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍ ငါ​က​တိ​ပြု​၏'' ဟု​ဆို​၏။

သို့​ဖြစ်​၍​အ​ရှင်၊ ယ​ခု​အ​ခါ​ကျွန်​တော်​မ​၏ ဆွေ​မျိုး​တို့​သည်​ကျွန်​တော်​မ​အား​ရန်​ဘက်​ပြု ကာ ကျွန်​တော်​မ​၏​သား​ငယ်​ကို​သူ​၏​အစ်​ကို အား​သတ်​သည့်​အ​တွက်​သေ​စား​သေ​စေ​ရန် အပ်​ရ​မည်​ဟု​တောင်း​ဆို​နေ​ကြ​ပါ​၏။ ဤ အ​တိုင်း​သာ​ထို​သူ​တို့​ပြု​ကြ​ပါ​မူ​ကျွန် တော်​မ​၏​နောက်​ဆုံး​မျှော်​လင့်​အား​ထား​ရာ သား​တစ်​ယောက်​မျှ​ကျန်​ရှိ​တော့​မည်​မ​ဟုတ် ပါ။ ကျွန်​တော်​မ​ခင်​ပွန်း​၏​မျိုး​ဆက်​သည် လည်း​ပြတ်​သွား​ပါ​လိမ့်​မည်'' ဟု​လျှောက် လေ​၏။

ဟေ​ဗြုန်​မြို့​သို့​အာ​ဗ​နာ​ရောက်​ရှိ​လာ​သော အ​ခါ ယွာ​ဘ​သည်​မြို့​တံ​ခါး​နံ​ဘေး​သို့​ခေါ် ယူ​ကာ​တီး​တိုး​ပြော​ဆို​ဆွေး​နွေး​ဟန်​ပြု​၍ ဝမ်း​ကို​ဋ္ဌား​နှင့်​ထိုး​လိုက်​၏။ ဤ​သို့​လျှင်​အာ​ဗ​နာ သည်​ယွာ​ဘ​၏​ညီ​အာ​သ​ဟေ​လ​ကို​သတ်​ခဲ့ သည့်​အ​တွက်​လုပ်​ကြံ​ခြင်း​ကို​ခံ​ရ​လေ​၏။-

သို့​ဖြစ်​၍​ယွာ​ဘ​နှင့်​ညီ​အ​ဘိ​ရှဲ​တို့​သည် ဂိ​ဗောင်​စစ်​ပွဲ​တွင် မိ​မိ​တို့​၏​ညီ​အာ​သ​ဟေ​လ အား​အာ​ဗ​နာ​သတ်​ခဲ့​သည့်​အ​တွက်​အာ ဗ​နာ​ကို​လက်​စား​ချေ​လိုက်​ကြ​သ​တည်း။

ထို​မြို့​များ​တွင်​သူ​သည်​သေ​ဆုံး​သူ​နှင့်​သွေး တော်​စပ်​သူ​၏​လက်​စား​ချေ​ခြင်း​မှ​လွတ်​ကင်း လိမ့်​မည်။ လူ​အ​သက်​ကို​သတ်​သော​သူ​အား လူ ပ​ရိ​သတ်​ရှေ့​တ​ရား​ရုံး​တွင်​စီ​ရင်​ခြင်း​မ​ပြု ဘဲ​သေ​စား​မ​သေ​စေ​ရ။-

``တစ်​စုံ​တစ်​ယောက်​အား မုန်း​တီး​သ​ဖြင့်​တွန်း ချ​၍​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ခု​နှင့် ပစ်​၍​သော်​လည်း​ကောင်း၊-

လက်​သီး​နှင့်​ထိုး​၍​သော်​လည်း​ကောင်း သတ် သော​သူ​သည်​လူ​သတ်​မှု​ကို​ကူး​လွန်​သ​ဖြင့် သေ​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​စေ​ရ​မည်။ သေ​ဆုံး သူ​နှင့်​အ​နီး​ဆုံး​သွေး​တော်​စပ်​သူ​သည် တာ​ဝန်​ရှိ​သ​ဖြင့်​လူ​သတ်​သ​မား​ကို​တွေ့ လျှင်​သတ်​ရ​မည်။

လူ​ပ​ရိတ်​သတ်​က​လူ​သတ်​မှု​ကူး​လွန်​သူ နှင့် သေ​ဆုံး​သူ​၏​အ​နီး​ဆုံး​သွေး​တော်​စပ် သူ​တို့​အ​ကြား​တ​ရား​ဋ္ဌမ္မ​သတ်​အ​တိုင်း စီ​ရင်​ရ​မည်။-

သေ​ဆုံး​သူ​နှင့်​သွေး​တော်​စပ်​သူ​က​တွေ့​၍ သူ့ အား​လက်​စား​ချေ​သတ်​ပစ်​လျှင်​ဤ​လက်​စား ချေ​ခြင်း​သည်​လူ​သတ်​မှု​မ​ဟုတ်။-

သူ​နေ​ရင်း​မြို့​မှ​အ​ကြီး​အ​ကဲ​တို့​သည်​သူ့ အား​ခေါ်​ဆောင်​စေ​ပြီး​လျှင် သေ​ဒဏ်​ခတ်​ရန် သေ​သူ​အ​တွက်​လက်​စား​ချေ​မည့်​သူ​လက် သို့​အပ်​ရ​မည်။-

အ​ကယ်​၍​ခို​လှုံ​ရာ​မြို့​တစ်​မြို့​တည်း​သာ​ရှိ လျှင် ခ​ရီး​ကွာ​ဝေး​လှ​သော​ကြောင့်​သေ​သူ အ​တွက်​လက်​စား​ချေ​လို​သူ​က သတ်​သူ​နောက် သို့​လိုက်​၍​မီ​သော်​ဒေါ​သ​အ​လျောက်​အ​ပြစ် မဲ့​သူ​တစ်​ယောက်​ကို​သတ်​မိ​နိုင်​သည်။ စင်​စစ် အား​ဖြင့်​ထို​သူ​သည်​မိ​မိ​၏​ရန်​သူ​မ​ဟုတ် သူ​ကို​မ​တော်​တ​ဆ​သတ်​မိ​ခြင်း​သာ​ဖြစ်​၏။-

တစ်​စုံ​တစ်​ယောက်​အား​မ​တော်​တ​ဆ​သတ်​မိ သော​သူ​သည် လက်​စား​ချေ​မည့်​သူ​၏​လက်​မှ လွတ်​မြောက်​ရန် ထို​မြို့​များ​သို့​ထွက်​ပြေး ခို​လှုံ​နိုင်​စေ​ရ​မည်။-

လက်​စား​ချေ​ရန်​လိုက်​လာ​သူ​သည်​ထို​အ​ရပ် သို့​ရောက်​ရှိ​လာ​လျှင်​မြို့​သူ​မြို့​သား​တို့​က ထွက်​ပြေး​ခို​လှုံ​သူ​အား ထို​သူ​၏​လက်​သို့ မ​အပ်​ရ။ သူ​သည်​မိ​မိ​အမျိုး​သား​ချင်း​ကို ရန်​ငြိုး​မ​ရှိ​ဘဲ​မ​တော်​တ​ဆ​သတ်​မိ​သည် ဖြစ်​သော​ကြောင့်​သူ့​အား​အ​သက်​ဘေး​မှ ကာ​ကွယ်​ပေး​ရ​မည်။-

ဂိ​ဒေါင်​က``သူ​တို့​သည်​ကား​ငါ့​အ​မိ​၏​သား များ​ဖြစ်​၍ ငါ​၏​ညီ​များ​ဖြစ်​သည်။ အ​ကယ် ၍​သင်​တို့​သည်​သူ​တို့​အား​မ​သတ်​ခဲ့​ပါ​မူ ငါ​သည်​လည်း​သင်​တို့​အား​သတ်​လိမ့်​မည် မ​ဟုတ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ကျိန်​ဆို​ပါ​၏'' ဟု​ပြော​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ