Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 34:3

Common Language Bible

တောင်​ဘက်​နယ်​နိ​မိတ်​သည်​ဇိ​န​တော​ကန္တာ​ရ မှ ဧ​ဒုံ​ပြည်​နယ်​စပ်​တစ်​လျှောက်​ဖြစ်​၏။ ထို နယ်​နိ​မိတ်​သည် ပင်​လယ်​သေ​တောင်​ဘက်​စွန်း အ​ရှေ့​ဘက်​မှ​အ​စ​ပြု​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဤ​ဘု​ရင်​ငါး​ပါး​တို့​သည်​မ​ဟာ​မိတ်​ဖွဲ့​၍ ယ​ခု​အ​ခါ​ပင်​လယ်​သေ​ဟု​ခေါ်​သော စိဒ္ဒိမ် ချိုင့်​ဝှမ်း​တွင်​စစ်​စ​ခန်း​ချ​လျက်​ရှိ​ကြ​၏။-

ငါ​သည်​သင်​တို့​တိုင်း​ပြည်​၏​နယ်​နိ​မိတ်​ကို ပင်​လယ်​နီ​မှ​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း၊ တော​ကန္တာ​ရ​မှ​ဥ​ဖ​ရတ်​မြစ်​သို့​လည်း​ကောင်း ကျယ်​ပြန့်​စေ​မည်။ ငါ​သည်​ထို​ပြည်​သား​တို့ ကို​သင်​တို့​၏​လက်​သို့​အပ်​သ​ဖြင့် သင်​တို့​သည် သူ​တို့​အား​နှင်​ထုတ်​နိုင်​လိမ့်​မည်။-

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ လူ​မျိုး​ဆယ့်​နှစ်​ပါး​အ​တွက်​မြေ​ယာ​နယ် နိ​မိတ်​သတ်​မှတ်​ပေး​ရ​မည်။ မြေ​ယာ​နယ် နိ​မိတ်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ယော​သပ်​အ​နွယ်​ဝင်​တို့​သည်​အ​ခြား အ​နွယ်​အ​သီး​သီး​တို့​ထက်​နှစ်​ဆ​ပို​၍ ရ​ရှိ​စေ​ရ​မည်။-

ထို​လူ​က ``ဤ​ရေ​သည်​မြေ​ပြင်​ကို​ဖြတ်​၍ အ​ရှေ့​ဘက်​သို့​စီး​ဆင်း​ရာ​ယော်​ဒန်​ချိုင့်​ဝှမ်း နှင့်​ပင်​လယ်​သေ​ထဲ​သို့​စီး​ဆင်း​သွား​ကာ ထို​ပင်​လယ်​ရေ​ငန်​ကို​ရေ​ချို​ဖြစ်​စေ​၏။-

သို့​ဖြစ်​၍​သူ​တို့​သည်​မြောက်​ဘက်​သို့​သွား​ပြီး လျှင် ထို​ပြည်​တောင်​ဘက်​ဇိ​န​ခေါ်​တော​ကန္တာ​ရ မှ​မြောက်​ဘက်​ဟာ​မတ်​တောင်​ကြား​အ​နီး​ရှိ ရ​ဟော​ဘ​မြို့​သို့​တိုင်​အောင်​ပြည်​ကို​စုံ​စမ်း ထောက်​လှမ်း​ကြ​သည်။-

သင်​တို့​၏​ပြည်​သည်​တောင်​ဘက်​သဲ​ကန္တာ​ရ မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​အ​ထိ​လည်း ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ်​မှ​ဟိတ္တိ ပြည်​ကို​ဖြတ်​၍ အ​နောက်​ဘက်​မြေ​ထဲ ပင်​လယ်​အ​ထိ​လည်း​ကောင်း​ကျယ်​ပြန့်​မည်။-

ရေ​စီး​ရပ်​တန့်​၍​မြစ်​ညာ​ဘက်​အ​တန်​ကွာ ဝေး​သော​နေ​ရာ​၌ တည်​ရှိ​သည့်​ဇာ​ရ​တန် မြို့​အ​နီး​အာ​ဒံ​မြို့​၌​ရေ​စု​ပုံ​လျက်​ရှိ​လေ သည်။ ပင်​လယ်​သေ​ထဲ​သို့​စီး​ဆင်း​သော​မြစ် ရေ​သည်​ပြတ်​သွား​သ​ဖြင့် လူ​အ​ပေါင်း​တို့ သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​တစ်​ဘက်​ကမ်း သို့​ဖြတ်​ကူး​နိုင်​ကြ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ