Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 32:33

Common Language Bible

ထို့​ကြောင့်​မော​ရှေ​သည်​အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​နှင့် ဗာ​ရှန်​ဘု​ရင်​သြ​ဃ​တို့​ပိုင်​သ​မျှ သော​နယ်​မြေ​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့ ရွာ​များ​ကို​ဂဒ်​အ​နွယ်​ဝင်၊ ရုဗင်​အ​နွယ်​ဝင် နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​အား​သတ်​မှတ် ပေး​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မင်း​သည်​ယေ​ရိ​ယ​၏​ဆွေ​မျိုး​များ ထဲ​မှ ထူး​ချွန်​သူ​အိမ်​ထောင်​ဦး​စီး​နှစ်​ထောင့် ခု​နစ်​ရာ​ကို​ရွေး​ချယ်​၍​ရု​ဗင်​ပြည်၊ ဂဒ် ပြည်​နှင့်​မ​နာ​ရှေ​အ​ရှေ့​ပိုင်း​တို့​တွင်​ဘာ​သာ ရေး​နှင့် မြို့​ပြ​ရေး​ရာ​အ​မှု​ကိစ္စ​မှန်​သ​မျှ တို့​ကို​စီ​မံ​အုပ်​ချုပ်​ရန်​တာ​ဝန်​ပေး​အပ် တော်​မူ​၏။

ရု​ဗင်၊ ဂဒ်​နှင့်​အ​ရှေ့​ပိုင်း​မ​နာ​ရှေ​တို့​တွင် လေး၊ ဋ္ဌား၊ ဒိုင်း​လွှား​ကိုင်​ဆောင်​မှု​တွင်​ကောင်း စွာ​ကျင်​လည်​သူ စစ်​သား​ပေါင်း​လေး​သောင်း လေး​ထောင်​ခု​နစ်​ရာ့​ခြောက်​ဆယ်​ရှိ​၏။-

ရု​ဗင်​အ​နွယ်​နှင့်​ဂဒ်​အ​နွယ်​တို့​တွင် သိုး​နွား တိ​ရစ္ဆာန်​မြောက်​မြား​စွာ​ရှိ​ကြ​၏။ ယာ​ဇာ ပြည်​နှင့်​ဂိ​လဒ်​ပြည်​တွင်​စား​ကျက်​ကောင်း များ​ရှိ​ကြောင်း​သိ​ရှိ​ရ​သော​အ​ခါ၊-

အ​ကျွန်ုပ်​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ရှိ​ပြည်​ကို​အ​ပိုင်​ရ​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​ဆောင်​မှု​ကို​နာ​ခံ​လျက် ခါ​နာန်​ပြည် ဘက်​သို့​ကူး​၍​စစ်​ချီ​တိုက်​ခိုက်​ပါ​မည်'' ဟု​လျှောက်​ထား​ကြ​လေ​သည်။

ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​အ​ရှေ့​ပိုင်း​မ​နာ​ရှေ အ​နွယ်​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ကမ်း​ရှိ​နယ်​မြေ​ကို မိ​မိ တို့​၏​သား​ချင်း​စု​အ​လိုက်​ခွဲ​ဝေ​ကြ​ပြီး​ဖြစ် သည်'' ဟု​ဆို​လေ​၏။

သူ​တို့​၏​ပြည်​ကို​သိမ်း​ယူ​၍​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​မ​နာ​ရှေ​၏​အ​နွယ်​တစ်​ဝက် တို့​အား​ခွဲ​ဝေ​ပေး​ခဲ့​သည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တောင် ဘက်​အာ​နုန်​မြစ်​ဝှမ်း​မှ​မြောက်​ဘက်​ဟေ​ရ​မုန် တောင်​အ​ထိ၊ အ​ရှေ့​ဘက်​နယ်​မြေ​နှင့်​ယော်​ဒန် မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​တိုက်​ခိုက်​သိမ်း ယူ​ခဲ့​ပြီး​ဖြစ်​သည်။-

ဤ​မင်း​များ​ကို​မော​ရှေ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှိမ်​နင်း​ခဲ့​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သည်​ထို​မင်း​တို့ ၏​နယ်​မြေ​များ​ကို​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ် နှင့်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့​အား အ​ပိုင်​ပေး​ခဲ့​လေ​သည်။

မော​ရှေ​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ဣ​သ​ရေ​လ​အ​နွယ်​နှစ်​နွယ်​နှင့် အ​နွယ်​တစ်​ဝက်​တို့​အား​ခွဲ​ဝေ​ပေး​ခဲ့​ပြီး ဖြစ်​သည်။ (ယော​သပ်​၏​အ​ဆက်​အ​နွယ်​တို့ ကို​မ​နာ​ရှေ​အ​နွယ်​နှင့်​ဧ​ဖ​ရိမ်​အ​နွယ်​ဟူ ၍​နှစ်​စု​ခွဲ​ထား​သည်။) မော​ရှေ​သည်​လေ​ဝိ အ​နွယ်​အား​နယ်​မြေ​ဝေ​စု​မ​ပေး​ခဲ့​ချေ။ သို့​ရာ​တွင်​သူ​တို့​အား​နေ​ထိုင်​ရန်​မြို့​များ နှင့်​တ​ကွ​တိရစ္ဆာန်​စား​ကျက်​များ​ကို​ခွဲ​ဝေ ပေး​ခဲ့​သည်။-

ယ​ခု​မှာ​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့ ၏​အ​မျိုး​သား​ချင်း​တို့​သည်​ငြိမ်း​ချမ်း​စွာ နေ​ထိုင်​ရ​ကြ​ပြီ။ သို့​ဖြစ်​၍​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သတ် မှတ်​ပေး​ခဲ့​သော​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ရှိ​သင်​တို့​ပိုင်​နယ်​မြေ​သို့​ပြန်​ကြ​လော့။-

အ​ချို့​တို့​က​မူ​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ကာ​ဂဒ်​နှင့်​ဂိ​လဒ်​နယ်​များ​သို့​ထွက်​ပြေး ကြ​၏။ ရှော​လု​သည်​ဂိ​လ​ဂါ​လ​မြို့​တွင်​ပင်​ရှိ​နေ သေး​၏။ သူ​နှင့်​အ​တူ​ရှိ​သည့်​တပ်​သား​တို့ သည်​ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ