ထို့ကြောင့်မောရှေကဧလာဇာ၊ ယောရှုနှင့် အခြားသောဣသရေလခေါင်းဆောင်တို့ အား၊-
အကျွန်ုပ်တို့မူကားထာဝရဘုရား၏အမိန့် ကိုနာခံလျက် စစ်ချီတက်ရန်အသင့်ရှိနေ ကြပါသည်။ ကိုယ်တော်မိန့်မှာသည့်အတိုင်း အကျွန်ုပ်တို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူး ၍ရန်သူများကိုတိုက်ခိုက်ပါမည်'' ဟူ၍ မောရှေအားကတိပေးကြ၏။
``ဂဒ်အနွယ်ဝင်နှင့်ရုဗင်အနွယ်ဝင်တို့သည် ထာဝရဘုရား၏အမိန့်တော်အရယော်ဒန် မြစ်ကိုဖြတ်ကူး၍ စစ်ချီတိုက်ခိုက်လျှင်လည်း ကောင်း၊ သင်တို့သည်သူတို့၏အကူအညီ ဖြင့်ထိုပြည်ကိုတိုက်ခိုက်အောင်မြင်လျှင် လည်းကောင်း ဂိလဒ်ပြည်ကိုသူတို့အား အပိုင်ပေးလော့။-
``ယော်ဒန်မြစ်အရှေ့ဘက်ရှိနယ်မြေကိုသင် တို့နေထိုင်ရန်အတွက် သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးမည်ဟုထာဝရဘုရား ၏အစေခံမောရှေမိန့်မှာခဲ့သည်ကိုသတိ ရကြလော့။-