တောလည် 32:23Common Language Bibleသို့ရာတွင်သင်တို့သည်ကတိမတည်လျှင် ထာဝရဘုရားအားပြစ်မှားရာရောက်လိမ့် မည်။ ထိုအခါသင်တို့သည်အပြစ်ဒဏ်ကို မုချခံကြရမည်။- အခန်းကိုကြည့်ပါ။ |
သင်သည်မှန်ကန်စွာပြုခဲ့လျှင်မျက်နှာပြုံးရွှင် နိုင်ရမည်။ သို့ရာတွင်သင်သည်မကောင်းမှုကိုပြုခဲ့သဖြင့် အပြစ်တရားသည်သားရဲတိရစ္ဆာန်ကဲ့သို့ သင့် တံခါးအနီးတွင်ချောင်းမြောင်းလျက်ရှိ၏။ အပြစ်ကသင့်ကိုအုပ်စိုးလိုသော်လည်း သင် ကအပြစ်ကိုနိုင်ရမည်'' ဟုကာဣနအားမိန့် တော်မူ၏။
ယုဒက``ကျွန်တော်တို့သည် အရှင်အားမည်သို့ လျှောက်ထားနိုင်ပါမည်နည်း။ မည်ကဲ့သို့ဆင်ခြေ တက်နိုင်ပါမည်နည်း။ ကျွန်တော်တို့မကူးလွန် ကြောင်း မည်ကဲ့သို့သက်သေအထောက်အထား ပြနိုင်ပါအံ့နည်း။ ဘုရားသခင်ကိုယ်တော်တိုင် ကကျွန်တော်တို့၏အပြစ်ကိုဖော်ထုတ်တော် မူပါပြီ။ ဖလားနှင့်တွေ့ရသူတစ်ဦးသာမက ကျွန်တော်တို့အားလုံးအရှင့်ထံ၌ကျွန်ခံပါ မည်'' ဟုလျှောက်ထားလေ၏။
ငါ၏ခမည်းတော်မသိဘဲကူးလွန်ခဲ့သည့် လူသတ်မှုများအတွက် ထာဝရဘုရားသည် ယွာဘအားအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ ယွာဘသည်မိမိထက်သာလွန်ကောင်းမြတ် သည့်ဣသရေလတပ်မတော်ဗိုလ်ချုပ်အာဗနာ နှင့်ယုဒတပ်မတော်ဗိုလ်ချုပ်အာမသတည်း ဟူသောအပြစ်မဲ့သူနှစ်ဦးအားသတ်ဖြတ် ခဲ့ပေသည်။-
သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။