Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 31:50

Common Language Bible

သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​အ​သီး​သီး​သိမ်း​ယူ ရ​ရှိ​သော​ရွှေ​တန်​ဆာ၊ လက်​ကောက်၊ ဘ​ယက်၊ လက်​စွပ်၊ နား​ဆွဲ​နှင့်​လည်​ဆွဲ​တို့​ကို​ကိုယ်​တော် ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​ပါ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​၏​အ​သက်​ကို​ချမ်း သာ​ပေး​သော​ကြောင့် ထို​လက်​ဝတ်​တန်​ဆာ​များ ကို​ဆက်​သ​ပါ​သည်'' ဟု​အ​စီ​ရင်​ခံ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊မိ​မိ​တို့​အား ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ​အ​တွက် လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ပေ​မည်။

ထာ​ဝ​ရ​ဘု​ရား​ငါ့​အား​ပြု​တော်​မူ​သော ကျေး​ဇူး​များ​အ​တွက်​ငါ​သည်​ကိုယ်​တော်​အား အ​ဘယ်​အ​ရာ​ကို​ပူ​ဇော်​ရ​ပါ​မည်​နည်း။

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရာ​ယဇ်​ကို​ပူ​ဇော် ပါ​မည်။ အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။

``သင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​သန်း ခေါင်​စာ​ရင်း​ကို​ကောက်​ယူ​သော​အ​ခါ စာ​ရင်း ယူ​ချိန်​တွင်၊ သူ​တို့​၌​ဘေး​မ​သင့်​စေ​ခြင်း​ငှာ၊ လူ​တိုင်း​မိ​မိ​၏​အ​သက်​ဖိုး​ကို​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ရ​မည်။-

စိတ်​စေ​တ​နာ​ရှိ​သော​အ​မျိုး​သား​နှင့်​အ​မျိုး သ​မီး​တို့​သည်​ရွှေ​ရင်​ထိုး၊ ရွှေ​နား​ကွင်း၊ ရွှေ​လက် စွပ်​ရွှေ​ဆွဲ​ကြိုး​တို့​ကို​အ​ထူး​ပူ​ဇော်​သကာ အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​ထံ​ယူ​ဆောင်​လာ​၍၊

သတ္တ​ဝါ​တိုင်း​၏​အသက်​သည်​သွေး​၌​တည်​သော ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​၏​အ​ပြစ် ပြေ​စေ​ရန်​အ​တွက် သွေး​ဟူ​သ​မျှ​ကို​ယဇ်​ပလ္လင် ပေါ်​သို့​သွန်း​လောင်း​ရ​မည်​ဟု​ပ​ညတ်​တော် မူ​၏။ သွေး​သည်​အ​သက်​ဖြစ်​၍ အ​ပြစ်​ကို ပြေ​စေ​၏။-

မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည်​ရွှေ​လက်​ဝတ် တန်​ဆာ​များ​ကို​လက်​ခံ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ