Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 31:2

Common Language Bible

``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​မိ​ဒျန် အ​မျိုး​သား​တို့​အား​လက်​စား​ချေ​လော့။ ထို တာ​ဝန်​ကို​ဆောင်​ရွက်​ပြီး​နောက် သင်​သည် အ​နိစ္စ​ရောက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

30 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​သင်​၏​ဘိုး​ဘေး​တို့​ထံ​ငြိမ်​ဝပ်​စွာ​သွား ရမည်​ဖြစ်​၍၊ အ​သက်​အ​ရွယ်​ကြီး​ရင့်​သော​အ​ခါ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​မည်။-

ဣ​ရှ​မေ​လ​သည်​အ​သက်​တစ်​ရာ့​သုံး​ဆယ့်​ခု​နစ် နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။-

သို့​ဖြစ်​၍​တန်​ခိုး​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​စ​ကား​ကို​ယ​ခု​နား​ထောင်​လော့။ ကိုယ်​တော်​က``ငါ​သည်​မိ​မိ​၏​ရန်​သူ​တည်း​ဟူ​သော​သင်​တို့​အား​လက်​စား​ချေ​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​သည်​ငါ့​ကို​အ​ဘယ်​သို့​မျှ​ဒုက္ခ​ပေး​နိုင်​ကြ​တော့​မည်​မ​ဟုတ်။-

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​အား အံ​တု​ဖက်​ပြိုင်​သူ​တို့​ကို​သည်း​ခံ​တော်​မ​မူ။ ကိုယ်​တော်​သည်​အ​တိုက်​အ​ခံ​ပြု​သူ​များ​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ အ​မျက်​တော်​ထွက်​၍​သူ​တို့​အား လက်​စား​ချေ​တော်​မူ​၏။

``အာ​ရုန်​သည်​အ​နိစ္စ​ရောက်​လိမ့်​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​က​တိ ထား​သော​ပြည်​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​သည် မေ​ရိ​ဘ​အ​ရပ်​တွင် ငါ​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ခဲ့​သော​ကြောင့်​ဖြစ်​သည်။-

အာ​ရုန်​၏​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို​ချွတ်​၍ ဧ​လာ​ဇာ​အား​ဝတ်​ဆင်​ပေး​လော့။ အာ​ရုန်​သည် ထို​အ​ရပ်​တွင်​အ​နိစ္စ​ရောက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ကား​ရှား ချိုင့်​ဝှမ်း​တွင်​စ​ခန်း​ချ​လျက်​ရှိ​နေ​ကြ​စဉ် အ​မျိုး သား​အ​ချို့​တို့​သည်​ထို​အ​ရပ်​သူ​မော​ဘ အ​မျိုး​သ​မီး​တို့​နှင့်​မှား​ယွင်း​ကြ​၏။-

မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် တဲ​တော်​တံ​ခါး​ဝ​တွင်​ငို​ကြွေး​မြည် တမ်း​လျက်​ရှိ​နေ​စဉ် ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ဦး​သည်​သူ​တို့​ရှေ့​မှောက်​၌ မိ​ဒျန်​အ​မျိုး သ​မီး​တစ်​ယောက်​ကို​မိ​မိ​၏​တဲ​အ​တွင်း​သို့ ခေါ်​သွင်း​သွား​သည်​ကို​မြင်​ကြ​၏။-

အာ​ရုန်​အ​နိစ္စ​ရောက်​သ​ကဲ့​သို့​သင်​သည် ထို ပြည်​ကို​မျှော်​ကြည့်​ပြီး​သော​အ​ခါ​၌ အ​နိစ္စ​ရောက်​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-

ထို့​ကြောင့်​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ပြစ်​မှား​ကြ​သော​ကြောင့် သူ​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​ရန်​အ​သင့်​ပြင်​ကြ​လော့။-

အ​ဘယ်​ကြောင့်​ဆို​သော်​ထို​နေ့​ရက်​ကာ​လ​သည် အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရက်​ကာ​လ​ဖြစ်​သော ကြောင့်​တည်း။ ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ခဲ့​သည့် အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရာ​ကာ​လ​ပင်​ဖြစ်​၏။-

ဒါ​ဝိဒ်​သည်​မိ​မိ​အ​သက်​ရှင်​စဉ်​ကာ​လ​၌ ဘု​ရား သ​ခင်​အ​ကြံ​အ​စည်​တော်​ရှိ​သည်​အ​တိုင်း လိုက်​လျှောက်​ဆောင်​ရွက်​ပြီး​နောက်​သေ​လွန်​၍ ဘိုး​ဘေး​များ​၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​၏။ သူ​၏​ကိုယ်​ခန္ဓာ​သည်​သင်္ချိုင်း​တွင်​ပုပ် ပျက်​သွား​ရ​၏။-

မိတ်​ဆွေ​တို့​ဘယ်​သော​အ​ခါ​မျှ​လက်​စား မ​ချေ​ကြ​နှင့်။ ဘု​ရား​သ​ခင်​က​သာ​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​ပါ​စေ။ ကျမ်း​စာ​တော်​တွင် ``ထာ​ဝ​ရ​ဘု​ရား​က `ငါ​သည်​လက်​စား​ချေ မည်။ အ​ပြစ်​နှင့်​အ​လျောက်​ငါ​ဆပ်​ပေး​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဖော်​ပြ​သည်။-

အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​သင့်​အား အ​ကျိုး​ပြု​ရန်​အ​လို့​ငှာ ဘု​ရား​သ​ခင်​ခန့် ထား​တော်​မူ​သည့်​အ​စေ​ခံ​ဖြစ်​သော​ကြောင့် တည်း။ သို့​ရာ​တွင်​အ​ကယ်​၍​သင်​သည်​မ​ကောင်း မှု​ပြု​သူ​ဖြစ်​ပါ​မူ​ထို​သူ​ကို​ကြောက်​လော့။ သူ​သည်​အ​ကယ်​ပင်​အ​ပြစ်​ပေး​ပိုင်​သော တန်​ခိုး​အာ​ဏာ​ရှိ​သူ​ဖြစ်​ပေ​သည်။ သူ​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​၍​မ​ကောင်း မှု​ပြု​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​ကိုယ်​စား အ​ပြစ်​ဒဏ်​စီ​ရင်​သူ​ဖြစ်​သ​တည်း။-

ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဒဏ်​ခတ်​၍ လက်​စား​ချေ​တော်​မူ​မည်။ သူ​တို့​ရှုံး​နိမ့်​ရ​သော​အ​ချိန်​ရောက်​လိမ့်​မည်။ သူ​တို့​ပျက်​စီး​ရ​သော​အ​ချိန်​နီး​ပြီ။

ငါ​သည်​ဤ​အ​ရပ်​၌​သေ​ရ​မည်။ ယော်​ဒန်​မြစ် တစ်​ဘက်​သို့​ကူး​ရ​မည်​မ​ဟုတ်။ သို့​ရာ​တွင် သင်​တို့​သည်​မြစ်​ကို​ကူး​၍ အ​စာ​ရေ​စာ​ပေါ ကြွယ်​ဝ​သော​ပြည်​ကို​သိမ်း​ယူ​ရ​ကြ​တော့​မည်။-

ဤ​အ​မှု​မျိုး​တွင်​သင်​တို့​သည်​ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ပြစ်​မှား​ရ။ အ​ခွင့်​ကောင်း ကို​မ​ယူ​ရ။ သ​ခင်​ဘု​ရား​သည်​ဤ​အ​ပြစ် မျိုး​ကူး​လွန်​သော​သူ​တို့​အား အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း​သင်​တို့​အား ငါ​တို့​ကြပ်​တည်း​စွာ​သ​တိ​ပေး​ပြီး​ဖြစ်​သည်။-

``ငါ​သည်​လက်​စား​ချေ​မည်၊ ငါ​သည်​ဆပ်​ပေး မည်'' ဟူ​၍​လည်း​ကောင်း``ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​လူ​စု​တော်​အား​တ​ရား​စီ​ရင်​တော်​မူ မည်'' ဟူ​၍​လည်း​ကောင်း မိန့်​တော်​မူ​သော​အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​ငါ​တို့​သိ​ကြ​၏။-

ကောင်း​ကင်​ဘုံ​သား​တို့၊ ထို​မြို့​ပျက်​စီး​သည့် အ​တွက်​ဝမ်း​မြောက်​ရွှင်​မြှုး​ကြ​လော့။ ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဝင်​များ၊ တ​မန်​တော်​များ၊ ပ​ရော​ဖက်​များ​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ သင်​တို့​အား​ပြု​သ​မျှ​အ​တွက်​ဘု​ရား​သ​ခင် သည်​ထို​မြို့​ကို​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။

ကိုယ်​တော်​၏​တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မှန်​ပါ​၏။ မိ​မိ​၏​ကာ​မ​ဂုဏ်​စည်း​စိမ်​အား ဖြင့် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​ဖောက်​ပြန်​ပျက်​စီး စေ​သည့်​ပြည့်​တန်​ဆာ​မ​ကြီး​အား အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပြီ။ ကိုယ်​တော်​၏​အ​စေ​ခံ​တို့​အား သတ်​ခဲ့​သော​ကြောင့် ဒဏ်​ခတ်​တော်​မူ​ပြီ'' ဟု ကြွေး​ကြော်​ကြ​၏။-

ထို​ဝိ​ညာဉ်​များ​က``သန့်​ရှင်း​မြင့်​မြတ်​ဖြောင့်​မှန် တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်၊ အ​ကျွန်ုပ်​တို့​အား သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​အား အ​ဘယ်​ကာ​လ​တိုင်​အောင်​တ​ရား စီ​ရင်​အ​ပြစ်​ဒဏ်​မ​ပေး​ဘဲ​နေ​တော်​မူ​မည် နည်း'' ဟု​အ​သံ​ကျယ်​စွာ​ဟစ်​အော်​ကြ​၏။-

သူ​တို့​သည်​အ​လွန်​ပျော်​ရွှင်​လျက်``ရှံ​ဆုန်​ကို​ခေါ် ခဲ့​ကြ။ သူ့​အား​ငါ​တို့​ကို​ဖျော်​ဖြေ​စေ​မည်'' ဟု​ဆို ကြ​၏။ သူ​တို့​သည်​ရှံ​ဆုန်​ကို​ထောင်​ထဲ​မှ​ခေါ်​ဆောင် ၍ မိ​မိ​တို့​အား​ဖျော်​ဖြေ​စေ​၏။ မဏ္ဍပ်​တိုင်​မ​ကြီး အ​ကြား​တွင်​ရပ်​စေ​၏။ လူ​တို့​သည်​သူ့​ကို​မြင် လေ​လျှင်``ငါ​တို့​၏​ဘု​ရား​သည်​ငါ​တို့​ပြည်​ကို ယို​ယွင်း​ပျက်​စီး​စေ​၍ ငါ​တို့​လူ​အ​မြောက် အ​မြား​ကို​သတ်​ဖြတ်​ခဲ့​သော​ရန်​သူ​၏​အ​ပေါ် ၌​ငါ​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု မိ​မိ​တို့​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​ကို​ချီး​မွမ်း​၏။-

ယော​ရှု​၏​ခေတ်​က​လူ​အ​ပေါင်း​တို့​သည်​ကွယ် လွန်​သွား​ကြ​သ​ဖြင့် နောက်​တစ်​ခေတ်​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ လူ​မျိုး​အ​တွက်​ကိုယ်​တော်​ပြု​မူ​ခဲ့​သော​အ​မှု တော်​တို့​ကို​လည်း​ကောင်း​မေ့​လျော့​၍​သွား ကြ​ကုန်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ