Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 31:10

Common Language Bible

သူ​တို့​၏​မြို့​နှင့်​စ​ခန်း​ရှိ​သ​မျှ​တို့​ကို လည်း​မီး​ရှို့​ဖျက်​ဆီး​ပစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဣ​ရှ​မေ​လ​၏​သား​တို့​သည်​အ​နွယ်​တစ်​ဆယ့် နှစ်​မျိုး​တို့​၏​ဖ​ခင်​များ​ဖြစ်​ကြ​၍ သူ​တို့​နေ ထိုင်​ရာ​ကျေး​ရွာ​နှင့်​စ​ခန်း​ချ​ရာ​အ​ရပ်​များ ကို​သူ​တို့​၏​နာ​မည်​များ​ဖြင့်​ခေါ်​တွင်​ကြ​လေ သည်။-

(အီ​ဂျစ်​ဘု​ရင်​သည်​ဂေ​ဇာ​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ပြီး​လျှင် မြို့​သူ​မြို့​သား​တို့​ကို​သတ်​၍​မြို့​ကို မီး​ရှို့​ပစ်​လေ​သည်။ ထို့​နောက်​သ​မီး​တော်​အား ရှော​လ​မုန်​နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ချိန်​၌​ထို မြို့​ကို​လက်​ဖွဲ့​တော်​မူ​၏။-

သင်​တို့​၏​ပြည်​သည်​ပျက်​ပြုန်း​ရ​၍၊ သင်​တို့​၏​မြို့​တို့​သည်​လည်း​ပြာ​ပုံ​ဆိုက်​ကြ​လေ​ပြီ။ သင်​သည်​ကြည့်​ရှု​လျက်​နေ​စဉ်​ပင်​တိုင်း​တစ်​ပါး​သား​တို့​သည် သင်​၏​နယ်​မြေ​ကို​သိမ်း​၍​အ​ရာ​ခပ်​သိမ်း​ကို​ဖျက်​ဆီး​စေ​ကြ​ပြီ။-

သူ​တို့​သည်​သိမ်း​ယူ​ရ​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း၊ သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန်​တို့​ကို၊-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန် အ​မျိုး​သမီး​နှင့် က​လေး​များ​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​ဆီး​၍​သူ​တို့​၏​သိုး၊ နွား တိ​ရစ္ဆာန်​တို့​နှင့်​တ​ကွ​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ ကို​သိမ်း​ယူ​လေ​၏။-

ထို​နောက်​သူ​တို့​သည်​မြို့​နှင့်​တ​ကွ​မြို့​တွင်း ၌​ရှိ​သ​မျှ​သော​အ​ရာ​အား​လုံး​ကို​မီး​ရှို့ ဖျက်​ဆီး​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည် ရွှေ၊ ငွေ၊ ကြေး​နီ၊ သံ​တို့​ဖြင့်​ပြု​လုပ်​သော​ဝတ္ထု​ပစ္စည်း များ​ကို​သိမ်း​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဘဏ္ဍာ တော်​တိုက်​ထဲ​သို့​သွင်း​ကြ​သည်။-

ဤ​အ​ကြောင်း​ကြောင့်​ရော​ဂါ​ဘေး၊ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ဘေး၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​များ​သည် သူ​၏​အ​ပေါ်​သို့​တစ်​ရက်​အ​တွင်း ကျ​ရောက်​လာ​လိမ့်​မည်။ သူ​သည်​မီး​ရှို့​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​အား တ​ရား​စီ​ရင်​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ​သော​ကြောင့်​ဖြစ်​သ​တည်း'' ဟု​ဆို​၏။

နှစ်​ရက်​မျှ​ကြာ​သော​အ​ခါ​ဒါ​ဝိဒ်​တို့​လူ​စု သည် ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ​လာ ကြ​၏။ အာ​မ​လက်​အ​မျိုး​သား​တို့​သည်​ယု​ဒ ပြည်​တောင်​ပိုင်း​သို့ ချင်း​နင်း​ဝင်​ရောက်​ကာ​ဇိ က​လတ်​မြို့​ကို​တိုက်​ခိုက်​မီး​ရှို့​၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ