တောလည် 30:6Common Language Bibleအိမ်ထောင်မကျသေးသောအမျိုးသမီးတစ် ဦးသည် သိလျက်နှင့်သော်လည်းကောင်း၊ အမှတ် တမဲ့သော်လည်းကောင်းတစ်စုံတစ်ရာကိုရှောင် ကြဉ်ရန် ကတိသစ္စာပြုပြီးနောက်အိမ်ထောင် ကျလျှင် သူ၏ခင်ပွန်းသည်ကြား၍မတား မြစ်သော်၊- အခန်းကိုကြည့်ပါ။ |
ထိုနောက်အမျိုးသမီးများက``ငါတို့သည် ကောင်းကင်ဘုရင်မ၏ရုပ်ပုံတူမုန့်များကို ဖုတ်လုပ်၍ ထိုနတ်သမီးအားယဇ်ပူဇော်ကာ သူ၏အဖို့စပျစ်ရည်ပူဇော်သကာများ ကိုသွန်းလောင်းကြသောအခါ ငါတို့၏ခင် ပွန်းများကလည်းငါတို့ပြုသည့်အမှုကို လက်ခံအတည်ပြုခဲ့ကြပါသည်'' ဟုထပ် လောင်းပြောဆိုကြ၏။
ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။