သူသည်တစ်ရက်လွန်ပြီးမှဇနီး၏ကတိ သစ္စာကိုပယ်ဖျက်လျှင် ကတိသစ္စာပျက်ခြင်း အပြစ်ဒဏ်ကိုခံစေရမည်။
အောက်ဖော်ပြပါကူးလွန်မူများအတွက် အပြစ်ဖြေရာယဇ်ပူဇော်ရန်လိုအပ်သည်။ တစ် စုံတစ်ယောက်သောသူအားတရားရုံးမှသက် သေခံရန်ဆင့်ခေါ်သည့်အခါ သူသည်မိမိ မြင်ရကြားရသည့်အတိုင်းထုတ်ဖော်ပြောဆို ခြင်းမပြုလျှင် အပြစ်ကူးလွန်ရာရောက်သည်။
သို့ရာတွင်သူ၏ခင်ပွန်းကြား၍တားမြစ်ပါ မူ သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန် မလို။ ခင်ပွန်း၏တားမြစ်မှုကြောင့်ကတိပျက် ခြင်းကို ထာဝရဘုရားခွင့်လွှတ်တော်မူမည်။-
သို့ရာတွင်ခင်ပွန်းသည်ဇနီး၏ကတိသစ္စာ အကြောင်းကိုကြားရသောနေ့၌မတားမြစ် လျှင် ဇနီးသည်မိမိ၏ကတိသစ္စာကိုတည် စေရမည်။ ခင်ပွန်းသည်ကြားရသောနေ့၌ မတားမြစ်သဖြင့်သဘောတူရာရောက် သည်။-
ဤပညတ်များသည်ကားဖခင်၏အုပ်ထိန်း မှုအောက်တွင် ရှိနေသေးသောမိန်းမပျိုနှင့် အိမ်ထောင်ကျပြီးသောအမျိုးသမီးတို့ ကတိသစ္စာပြုခြင်းနှင့်ဆိုင်သည့်ပညတ် များဖြစ်သတည်း။
သို့ရာတွင်သူ၏ဖခင်ကြား၍တားမြစ်ပါမူ သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန်မ လို။ ဖခင်၏တားမြစ်မှုကြောင့်ကတိသစ္စာပျက် ခြင်းကိုထာဝရဘုရားခွင့်လွှတ်တော်မူမည်။
သူ၏ခင်ပွန်းကြား၍တားမြစ်လျှင်မူကား သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန် မလို။ ထာဝရဘုရားသည်သူ့ကိုခွင့်လွှတ် တော်မူမည်။
သို့ဖြစ်၍ယုဒလူမျိုးနှင့်လူမျိုးခြားဟူ၍ လည်းကောင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍လည်း ကောင်း၊ ယောကျာ်းနှင့်မိန်းမဟူ၍လည်းကောင်း ခွဲခြားမှုမရှိတော့ပြီ။ သင်တို့အပေါင်းသည် ခရစ်တော်ယေရှု၌တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။-