Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 3:36

Common Language Bible

သူ​တို့​သည်​တဲ​တော်​ဘောင်​များ၊ တန်း​များ၊ တိုင်​များ၊ အောက်​ခံ​ခုံ​များ​နှင့်​ယင်း​တို့​နှင့် စပ်​လျက်​ရှိ​သော​တန်​ဆာ​များ​တို့​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို​ထိန်း​သိမ်း စောင့်​ရှောက်​ရ​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ကန့်​လန့်​ကာ​ကို​ရွှေ​ချိတ်​များ​တပ်​ထား​သော အ​ကာ​ရှ​သစ်​သား​တိုင်​လေး​တိုင်​အ​ပေါ်​တွင် ချိတ်​ဆွဲ​ထား​ရ​မည်။ တိုင်​များ​ကို​ရွှေ​ချ​၍ ငွေ​ဖိ​နပ်​လေး​ခု​တွင်​စွပ်​ထား​ရ​မည်။-

ဤ​ကန့်​လန့်​ကာ​ချိတ်​ဆွဲ​ရန်​အ​တွက်​အ​ကာ​ရှ သစ်​သား​တိုင်​ငါး​တိုင်​ပြု​လုပ်​၍၊ ရွှေ​ချိတ်​များ တပ်​ထား​ရ​မည်။ တိုင်​များ​ကို​ရွှေ​ချ​၍​တိုင် ဖိ​နပ်​ငါး​ခု​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ရ​မည်။

တဲ​တော်​နှင့်​အ​မိုး​အ​ကာ၊ တဲ​တော်​ချိတ်​များ၊ ဘောင်​ခွေ​များ၊ ကန့်​လန့်​ကျင်​များ၊ တိုင်​များ​နှင့် အောက်​ခြေ​စွပ်​များ၊-

တဲ​တော်​အ​တွက်​ကြက်​ဆူး​များ၊ တဲ​တော်​နှင့် တဲ​တော်​ဝင်း​အ​တွက်​ကြိုး​များ၊-

ကန့်​လန့်​ကာ​ကို​ထိန်း​ထား​ရန်၊ ရွှေ​ချိတ်​များ တပ်​ဆင်​ထား​သော တိုင်​လေး​တိုင်​ကို၊ အ​ကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​ကြ​၏။ တိုင်​များ​ကို​ရွှေ ချ​၍၊ တိုင်​များ​ကို​စိုက်​ထူ​ရန်၊ အောက်​ခံ​ငွေ ခြေ​စွပ်​ခုံ​လေး​ခု​ကို​ပြု​လုပ်​ကြ​၏။-

သူ​တို့​သည်​တဲ​တော်​မှ​စ​၍​တဲ​တော်​နှင့်​ဆိုင် သော​ပစ္စည်း​အား​လုံး၊ ချိတ်​များ၊ ဘောင်​ခွေ​များ၊ ကန့်​လန့်​ကျင်​များ၊ တိုင်​များ​နှင့်​အောက်​ခံ​ခုံ များ​ကို​လည်း​ကောင်း၊-

ယင်း​သား​ချင်း​စု​သည်​တဲတော်​၏​မြောက်​ဘက် မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။ သူ​တို့​၏​ခေါင်း ဆောင်​မှာ​အ​ဘိ​ဟဲ​လ​၏​သား​ဇု​ရေ​လ ဖြစ်​သည်။-

သူ​တို့​သည်​တဲ​တော်​ဝင်း​ရှိ​တိုင်​များ၊ အောက်​ခံ ခုံ​များ၊ ကြက်​ဆူး​များ၊ ကြိုး​များ​ကို​လည်း ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။

လှည်း​လေး​စီး​နှင့်​နွား​ရှစ်​ကောင်​ကို မေ​ရာ​ရိ သား​ချင်း​စု​တို့​အား​လည်း​ကောင်း​ပေး​အပ် လေ​သည်။ သူ​တို့​သည်​အ​လုပ်​ရှိ​သ​မျှ​ကို အာ​ရုန်​၏​သား ဣ​သ​မာ​ညွှန်​ကြား​သည့် အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ