Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 29:35

Common Language Bible

အ​ဋ္ဌ​မ​နေ့​တွင်​သင်​တို့​သည်​စု​ဝေး​ဝတ်​ပြု​ရ မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ပွဲ​တော်​ပ​ထ​မ​နေ့​မှ​နောက်​ဆုံး နေ့​အ​ထိ နေ့​စဉ်​နေ့​တိုင်း​ဘု​ရား​သ​ခင်​၏ ပ​ညတ်​ကျမ်း​ကို​ဖတ်​ရွတ်​ကြ​၏။ သူ​တို့ သည်​ထို​ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင် ကျင်း​ပ​ပြီး​လျှင် ရှစ်​ရက်​မြောက်​သော​နေ့ ၌​ပ​ညတ်​ကျမ်း​ပြ​ဋ္ဌာန်း​ချက်​အ​ရ​ဋ္ဌမ္မ ပွဲ​ကို​ခံ​ကြ​၏။

ခု​နစ်​ရက်​ပတ်​လုံး​နေ့​စဉ်​ပူ​ဇော်​သ​ကာ​ကို ဆက်​သ​ရ​မည်။ အ​ဋ္ဌ​မ​နေ့​၌​တစ်​ဖန်​ဝတ်​ပြု ကိုး​ကွယ်​ရန်​စု​ဝေး​၍ ပူ​ဇော်​သ​ကာ​ကို​ဆက် သ​ရ​မည်။ ထို​နေ့​သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ နေ့​ဖြစ်​သော​ကြောင့်​အ​လုပ်​မ​လုပ်​ရ။

သင်​တို့​သည်​သတ္တ​မ​လ၊ ပ​ထ​မ​နေ့​တွင် စု​ဝေး ဝတ်​ပြု​ရ​မည်။ ထို​နေ့​တွင်​အ​လုပ်​မ​လုပ်​ရ။ ထို​နေ့​တွင်​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ရ​မည်။-

သင်​တို့​သည်​သတ္တ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့ တွင် စု​ဝေး​ဝတ်​ပြု​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​သော​ဤ​ပွဲ​တော်​ကို​ခု​နစ် ရက်​တိုင်​တိုင်​ကျင်း​ပ​ရ​မည်။ ထို​ရက်​များ​တွင် အ​လုပ်​မ​လုပ်​ရ။-

အ​ပြစ်​အ​နာ​ကင်း​သော​နွား​ပျို​တစ်​ကောင်၊ သိုး ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး ခု​နစ်​ကောင်​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​ဖွယ် ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ