ထို့ပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီး တစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤပူဇော် သကာများကိုနေ့စဉ်မီးရှို့ရာသကာနှင့် တကွဘောဇဉ်သကာ၊ စပျစ်ရည်သကာတို့ အပြင်ပူဇော်ရမည်။
သူတို့သည်ဆိတ်တစ်ကောင်ကိုသတ်၍ယောသပ် ၏ဝတ်ရုံကိုဆိတ်သွေးထဲ၌နှစ်လေ၏။-
ပထမသိုးနှင့်အတူဂျုံမုန့်ညက်နှစ်ပေါင်နှင့် သံလွင်ဆီတစ်ကွတ်ရောသောပူဇော်သကာ ကိုလည်းပူဇော်ရမည်။ စပျစ်ရည်တစ်ကွတ် ကိုလည်းပူဇော်သကာအဖြစ်လောင်းချ ရမည်။-
မိမိ၏အပြစ်ကိုသိလျှင်အပြစ်အနာကင်း သောဆိတ်ထီးတစ်ကောင်ကိုယဇ်ပူဇော်ရန် ယူဆောင်ခဲ့ရမည်။-
နေ့စဉ်မီးရှို့ရာသကာနှင့်စပျစ်ရည်သကာ အပြင် ဤမီးရှို့ရာသကာကိုဥပုသ်နေ့ တိုင်းပူဇော်ရမည်။
နေ့စဉ်ဆက်သရသောမီးရှို့ရာယဇ်နှင့်တကွ စပျစ်ရည်သကာအပြင်ဆိတ်ထီးတစ်ကောင် ကိုလည်းအပြစ်ဖြေရာယဇ်အဖြစ်ပူဇော် ရမည်။
ထာဝရဘုရားအား ပူဇော်ဆက်သရမည့် သကာများကိုဖော်ပြပေအံ့။ နေ့စဉ်မီးရှို့ ရာယဇ်အတွက်အပြစ်အနာကင်းသော တစ်နှစ်သားအရွယ်သိုးထီးနှစ်ကောင်ကို ပူဇော်ရမည်။-
သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်း၊ လိုအပ်သောစပျစ် ရည်သကာများကိုလည်းကောင်းပူဇော်ရမည်။-