Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 29:11

Common Language Bible

ထို့​အ​ပြင်​လူ​တို့​သန့်​စင်​မှု​ဝတ်​အ​တွက်​ပူ ဇော်​သော​ဆိတ်၊ နေ့​စဉ်​ပူ​ဇော်​သည့်​မီး​ရှို့​ရာ ယဇ်​နှင့်​တ​ကွ​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည် သ​ကာ​တို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ဆိတ်​ထီး​တစ်​ကောင်​ကို​ပူ​ဇော် ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က၊ ``ထို​သူ​သည်​ငါ​၏​အ​လို​တော်​အ​ရ​ဝေ​ဒ​နာ ခံ​ရ​ခြင်း​ဖြစ်​၏။ သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​မိ​မိ​ကိုယ် ကို တင်​လှူ​ပူ​ဇော်​သည်​ဖြစ်​၍ မိ​မိ​၏​သား​မြေး​အ​မြောက်​အ​မြား​ကို​တွေ့​မြင်​ခွင့် ရ​ရှိ​လိမ့်​မည်။ သူ​သည်​အ​သက်​ရှည်​လိမ့်​မည်။ ငါ​၏​အ​ကြံ​အ​စည်​တော်​အောင်​မြင်​မှု​ကို​လည်း အ​ထောက်​အ​ကူ​ပြု​လိမ့်​မည်။

သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက် နွား ပျို​တစ်​ကောင်​နှင့် မီး​ရှို့​ရာ​ယဇ်​အ​တွက်​သိုး ထီး​တစ်​ကောင်​ကို​ယူ​ဆောင်​လာ​ပြီး​မှ အ​လွန် သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​ဝင်​ရ​မည်'' ဟု မိန့်​တော်​မူ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် ဖြေ​ရာ​ယဇ်​အ​တွက်​ဆိတ်​ထီး​နှစ်​ကောင်​နှင့် မီး​ရှို့​ရာ​ယဇ်​အ​တွက်​သိုး​ထီး​တစ်​ကောင် ကို​အာ​ရုန်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

အာ​ရုန်​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် စား ရေး​တံ​ကျ​သော​ဆိတ်​ကို​အ​ပြစ်​ပြေ​ရာ ပူ​ဇော်​သကာ​အ​ဖြစ်​ပူ​ဇော်​ရ​မည်။-

သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့် ညက်​နှစ်​ပေါင်​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-

လ​စဉ်​လ​ဆန်း​တစ်​ရက်​နေ့​တွင်​ပူ​ဇော်​သည့် မီး​ရှို့​ရာ​သ​ကာ၊ ၎င်း​နှင့်​တွဲ​ဖက်​သော​ဘော​ဇဉ် သကာ၊ နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​၎င်း​နှင့်​တွဲ​ဖက် သော​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည်​သကာ​အ​ပြင် ဤ​သကာ​များ​ကို​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော် သကာ​တို့​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ် သက်​တော်​မူ​၏။

ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည်​နေ့​စဉ်​ဦး​စွာ​ပ​ထ​မ မိ​မိ​တို့​ကိုယ်​ပိုင်​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း၊ ထို​နောက်​လူ​တို့​၏​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း ယဇ်​ပူ​ဇော်​ကြ​ရ​လေ​သည်။ ကိုယ်​တော်​မူ​ကား​ဤ​သို့ ပြု​ရန်​မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ​အ​သက် ကို​တင်​လှူ​ပူ​ဇော်​စဉ်​အ​ခါ​က တစ်​ကြိမ်​တည်း အ​ပြီး​အ​ပိုင်​ယဇ်​ပူ​ဇော်​ခဲ့​ပြီး​ဖြစ်​သော ကြောင့်​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ