Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 28:9

Common Language Bible

ဥ​ပုသ်​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​တစ် နှစ်​သား​အ​ရွယ်​သိုး​ထီး​နှစ်​ကောင်၊ သံ​လွင်​ဆီ နှင့်​ဂျုံ​မုန့်​ညက်​လေး​ပေါင်​ကို​ရော​နယ်​ထား သော​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည်​သကာ​တို့​ကို ပူ​ဇော်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ခင်​ပွန်း​ဖြစ်​သူ​က``အ​ဘယ်​ကြောင့်​ယ​နေ့​သွား လို​ပါ​သ​နည်း။ ယ​နေ့​သည်​ဥ​ပုသ်​နေ့​မ​ဟုတ်။ လဆန်း​ပွဲ​နေ့​လည်း​မ​ဟုတ်'' ဟု​ဆို​၏။ ဇ​နီး​ဖြစ်​သူ​က``ယင်း​သို့​ပင်​မ​ဟုတ်​သော်​လည်း ကိစ္စ​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။-

ရှော​လ​မုန်​သည်​တု​ရု​ဘု​ရင်​ဟိ​ရံ​ထံ​သို့ သံ​တ​မန်​စေ​လွှတ်​၍``အ​ဆွေ​တော်​သည်​အ​ကျွန်ုပ် ၏​ခမည်း​တော်​ဒါ​ဝိဒ်​အား​နန်း​တော်​ဆောက်​လုပ် ရန်​အ​တွက်​သစ်​က​တိုး​သား​များ​ကို​ရောင်း ချ​ပေး​ခဲ့​သည့်​နည်း​တူ​ကျွန်ုပ်​နှင့်​လည်း​ကုန် သွယ်​မှု​ကို​ပြု​ပါ​လော့။-

ကျွန်ုပ်​သည်​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ ဘု​ရား​အား​ဂုဏ်​ပြု​ဆက်​ကပ်​ရန်​ဗိ​မာန်​တော် ကို​တည်​ဆောက်​လှူ​ဒါန်း​ပါ​မည်။ ထို​ဗိ​မာန် တော်​သည်​ကျွန်ုပ်​နှင့်​ပြည်​သူ​တို့​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဌာ​န​တော်​ဖြစ်​လိမ့်​မည်။ ထို​ဗိ​မာန် တော်​တွင်​မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​မီး​ရှို့ ပူ​ဇော်​၍​ရှေ့​တော်​မုန့်​ကို​အ​ဆက်​မ​ပြတ် ဆက်​သ​လျက်​နံ​နက်​တိုင်း​ည​တိုင်း၊ ဥပုသ် နေ့၊ လ​ဆန်း​ပွဲ​နေ့​နှင့်​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဂုဏ်​ပြု​သော အ​ခြား​နေ့​ထူး​နေ့​မြတ်​များ​၌ မီး​ရှို့​ပူ​ဇော် ရန်​သ​ကာ​များ​ကို​ဆက်​သ​မည်​ဖြစ်​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​ပြည်​သူ တို့​အား ဤ​သို့​ထာ​ဝ​စဉ်​ပြု​လုပ်​ဆောင်​ရွက် ရန်​ပ​ညတ်​တော်​မူ​ပါ​သည်။-

သူ​သည်​မော​ရှေ​၏​ပ​ညတ်​ကျမ်း​အ​ရ​ဥ​ပုသ်​နေ့ များ၊ လ​ဆန်း​ပွဲ​တော်​နေ့​များ​နှင့်​တစ်​နှစ်​တစ် ကြိမ်​ကျင်း​ပ​ရ​သည့်​ပွဲ​တော်​သုံး​ခု​ဖြစ်​သော တ​ဆေး​မဲ့​မုန့်​ပွဲ​တော်၊ ကောက်​သိမ်း​ပွဲ​တော်​နှင့် သစ်​ခက်​တဲ​နေ​ပွဲ​တော်​နေ့​တို့​တွင်​မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​တော်​မူ​၏။-

ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့်​နေ့​အ ဖြစ်​ထား​ရှိ​လျက်၊ ထို​နေ့​၌​ကိုယ်​ကျိုး​ရှာ​လုပ် ငန်း​များ​ကို​ရှောင်​ရှား​ကြ​မည်​ဆို​လျှင်​လည်း ကောင်း၊ အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​နှစ်​သက် သော​ခ​ရီး​သွား​ခြင်း၊ နှစ်​သက်​သော​အ​လုပ် လုပ်​ခြင်း၊ သို့​မ​ဟုတ်​အ​ကျိုး​မ​ရှိ​သော​စ​ကား များ​ကို​ပြော​ဆို​ခြင်း​တို့​ကို​ရှောင်​ကြဉ်​၍၊ ငါ​၏ မြင့်​မြတ်​သန့်​ရှင်း​သည့်​နေ့​တော်​ကို​နှစ်​သက် လျက် တန်​ဖိုး​ထား​ကာ​ရို​သေ​လေး​စား​ကြ မည်​ဆို​လျှင်​လည်း​ကောင်း၊-

သူ​တို့​အား​မြင့်​မြတ်​သန့်​ရှင်း​စေ​သူ​မှာ ငါ ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​ကြောင်း​သ​တိ​ပေး လို​သ​ဖြင့် ငါ​နှင့်​သူ​တို့​သ​ဘော​တူ​သည့် အ​မှတ်​လက္ခ​ဏာ​အ​နေ​ဖြင့် ဥ​ပုသ်​နေ့​ကို စောင့်​ထိန်း​ကြ​ရန်​ငါ​ပြ​ဋ္ဌာန်း​ထား​၏။-

ဥ​ပုသ်​နေ့​၌​မင်း​သား​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ထံ​တော်​သို့​မီး​ရှို့​ရန်​ယဇ်​များ​အ​ဖြစ် ဖြင့် အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သော​သိုး ငယ်​ခြောက်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင် ကို​ယူ​ဆောင်​ခဲ့​ရ​မည်။-

နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​စ​ပျစ်​ရည်​သကာ အ​ပြင် ဤ​မီး​ရှို့​ရာ​သကာ​ကို​ဥ​ပုသ်​နေ့ တိုင်း​ပူ​ဇော်​ရ​မည်။

ည​နေ​တွင်​ဒု​တိ​ယ​သိုး​က​လေး​ကို​ပူ​ဇော် သော​အ​ခါ​၌​လည်း နံ​နက်​တွင်​ပူ​ဇော်​ဆက်​သ သည့်​နည်း​တူ​စ​ပျစ်​ရည်​သကာ​ပါ​လျက်​ပူ​ဇော် ရ​မည်။ ဤ​သကာ​သည်​လည်း​ပူ​ဇော်​သကာ​ဖြစ် ၍ ယင်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။

သ​ခင်​ဘု​ရား​နေ့​၌​ဝိ​ညာဉ်​တော်​သည် ငါ့ အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​လျက် ငါ​သည် တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သော​အ​သံ​ကြီး တစ်​ခု​ကို​ငါ့​နောက်​၌​ကြား​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ