တောလည် 28:3Common Language Bibleထာဝရဘုရားအား ပူဇော်ဆက်သရမည့် သကာများကိုဖော်ပြပေအံ့။ နေ့စဉ်မီးရှို့ ရာယဇ်အတွက်အပြစ်အနာကင်းသော တစ်နှစ်သားအရွယ်သိုးထီးနှစ်ကောင်ကို ပူဇော်ရမည်။- အခန်းကိုကြည့်ပါ။ |
ထို့အပြင်သူတို့သည်အမြဲပူဇော်ရသည့် တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုလည်းကောင်း၊ လဆန်းနေ့ပွဲတော်ကိုလည်းကောင်း၊ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရာ အခြားပွဲနေ့ များ၌ပူဇော်အပ်သည့်ယဇ်များကိုလည်း ကောင်း၊ ထာဝရဘုရားအားမိမိတို့စေတနာ အလျောက်ပေးလှူသည့်ပူဇော်သကာများ ကိုလည်းကောင်းတင်လှူပူဇော်ကြလေ သည်။-
ထိုနောက်ကောင်းကင်တမန်တစ်ပါးက အခြား တစ်ပါးအား``ဗျာဒိတ်ရူပါရုံတွင်တွေ့ရှိရ သည့်အရာများသည်အဘယ်မျှကြာအောင် ဖြစ်ပျက်နေပါမည်နည်း။ နေ့စဉ်ယဇ်ပူဇော် ခြင်းကိုကြောက်မက်ဖွယ်ရာအပြစ်ဒုစရိုက် ဖြင့်အစားထိုးမှုသည်လည်းကောင်း၊ ကောင်း ကင်ဗိုလ်ခြေနှင့်ဗိမာန်တော်ကိုနင်းချေမှု သည်လည်းကောင်းအဘယ်မျှကြာဖြစ် ပျက်လိမ့်မည်နည်း'' ဟုမေးသည်ကိုငါ ကြားရ၏။
အထွတ်ဘုရင်အရှင်ထာဝရဘုရားသခင် က``အို ဣသရေလပြည်သားတို့၊ ဗေသလ ရှိသန့်ရှင်းရာအရပ်သို့သွား၍ပြစ်မှားကြ လော့။ ဂိလဂါလမြို့သို့သွားပြီးအစွမ်း ကုန်ပြစ်မှားကြလော့။ ပူဇော်ရာယဇ်ကောင် များကိုနံနက်တိုင်းယူဆောင်ခဲ့လော့။ သုံး ရက်နေ့တိုင်းတွင်ဥစ္စာဆယ်ဖို့တစ်ဖို့ကို ဆောင်ခဲ့ကြလော့၊-