Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 28:28

Common Language Bible

ထို​မီး​ရှို့​ရာ​နှင့်​တွဲ​ဖက်​၍​သံ​လွင်​ဆီ​ရော​သော မုန့်​ညက်​ကို​ဘော​ဇဉ်​သကာ​အ​ဖြစ်​ပူ​ဇော်​ရ​မည်။ နွား​ထီး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက်​ခြောက် ပေါင်​ကို​လည်း​ကောင်း၊ သိုး​ထီး​နှင့်​အ​တူ​မုန့် ညက်​လေး​ပေါင်​ကို​လည်း​ကောင်း၊ သိုး​က​လေး တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက်​နှစ်​ပေါင်​ကို လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ယော​ယ​ဒ​သည်​ယဇ်ပု​ရော​ဟိတ်​များ​နှင့် လေဝိ အ​နွယ်​ဝင်​တို့​အား ဗိ​မာန်​တော်​ဆိုင်​ရာ​အ​မှု များ​ကို​ဆောင်​ရွက်​ရန်​တာ​ဝန်​ပေး​အပ်​လေ​သည်။ သူ​တို့​သည်​ဒါ​ဝိဒ်​မင်း​ခွဲ​ဝေ​သတ်​မှတ်​ပေး​ခဲ့ သည့် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​၍ မော​ရှေ​၏​ပ​ညတ်​ကျမ်း​အ​ရ​မီး​ရှို့​ရာ​ယဇ် များ​ကို​ထာ​ဝရ​ဘု​ရား​အား​ပူ​ဇော်​ကြ​၏။ သူ​တို့​သည်​ဂီ​တ​သီ​ဆို​တီး​မှုတ်​မှု​များ​နှင့် ပွဲ​ကျင်း​ပ​မှု​များ​အ​တွက်​လည်း​တာ​ဝန် ယူ​ရ​ကြ​မည်။-

မင်း​ကြီး​သည်​ထာ​ဝရ​ဘု​ရား​၏​ပ​ညတ်​ကျမ်း အ​ရ နေ့​စဉ်​နံ​နက်​တိုင်း၊ ည​နေ​တိုင်း၊ ဥ​ပုသ်​နေ့ လ​ဆန်း​ပွဲ​တော်​နေ့​နှင့်​အ​ခြား​ပွဲ​တော်​များ​၌ မီး​ရှို့​ပူ​ဇော်​ရန် လို​အပ်​သော​သိုး​နွား​များ​ကို မိ​မိ​ပိုင်​သိုး​အုပ်​နွား​အုပ်​များ​မှ​ပေး​လှူ​တော် မူ​၏။

ယော​ဇ​ဒက်​၏​သား​ယော​ရှု​နှင့်​အ​ဖော်​ယဇ်​ပု​ရော ဟိတ်​များ၊ ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ နှင့်​တ​ကွ သူ​၏​ဆွေ​မျိုး​သား​ချင်း​များ​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ​စီ​ရင်​သည့် ပ​ညတ်​ကျမ်း​တွင်​ပါ​ရှိ​သော​ညွှန်​ကြား​ချက် များ​အ​တိုင်း ယဇ်​များ​ကို​မီး​ရှို့​ပူ​ဇော်​နိုင် ရန်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ကြ​၏။-

ငါ​သည်​မော​ဘ​ပြည်​သား​တို့​အား​တောင် ထိပ်​များ​တွင်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ ဆက်​ကပ်​မှု​နှင့် မိ​မိ​တို့​ဘု​ရား​များ​အား ယဇ်​ပူ​ဇော်​မှု​ကို​ရပ်​စဲ​စေ​မည်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။

လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​နှင့်​အ​ခြား​ပွဲ​နေ့​တို့​၌ ဣသ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် မီး​ရှို့​ရာ​ယဇ်​အ​တွက်​တိ​ရစ္ဆာန်​များ၊ ဘော​ဇဉ် ပူ​ဇော်​သ​ကာ​များ​နှင့်​စ​ပျစ်​ရည်​ပူ​ဇော် သ​ကာ​များ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​သည် ဆက်​သ​ရ​သော​တာ​ဝန်​ရှိ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပြစ်​များ ပြေ​စေ​ခြင်း​ငှာ​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဘော​ဇဉ် ပူဇော်​သကာ၊ မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယဇ် တို့​အ​တွက်​စီ​မံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

အ​ဋ္ဌ​မ​နေ့​၌​သူ​သည် အ​ပြစ်​အ​နာ​ကင်း သော​တစ်​နှစ်​သား​အ​ရွယ် သိုး​ထီး​က​လေး နှစ်​ကောင်၊ သိုး​မ​က​လေး​တစ်​ကောင်၊ သံ​လွင် ဆီ​နှင့်​ရော​သော​မုန့်​ညက်​ငါး​ပေါင်​နှင့်​သံ​လွင် ဆီ​အ​ဝက်​သား​ကို​ယူ​ဆောင်​ခဲ့​ရ​မည်။-

သင်​တို့​သည်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး ပျို​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​ဖွယ်​ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ