သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်းပူဇော်ရမည်။-
မီးရှို့ရာယဇ်နှင့်တွဲဖက်၍ဘောဇဉ်သကာ အဖြစ် သံလွင်ဆီရောထားသောမုန့်ညက်ကို ဆက်သရမည်။ နွားထီးတစ်ကောင်စီနှင့်အတူ မုန့်ညက်ခြောက်ပေါင်ကိုလည်းကောင်း၊ သိုးထီး နှင့်အတူမုန့်ညက်လေးပေါင်ကိုလည်းကောင်း၊-
အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီးတစ်ကောင် ကိုလည်းပူဇော်ရမည်။ ဤနည်းအားဖြင့်လူ တို့အတွက်သန့်စင်မှုကိုဝတ်ပြုရမည်။-